![]() |
Mosul မြို့နားမှာ ရောက်နေတဲ့ အမေရိကန် စစ်သား (Credit: Reuters) |
Mosul မြို့ကို ပြန်လည် ရယူဖို့အတွက် အီရတ်စစ်သားက Kurdish တပ်နဲ့ ပူးပေါင်းပြီး IS ကို ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။
Mosul မြို့ပြင်က ကျေးရွာတချို့ကို သိမ်းပိုက်နိုင်ပြီး Mosul မြို့နားကို ချဉ်းကပ်နေပေမယ့် IS က ပြည်သူတွေကို အကာအကွယ်လို အသုံးပြုနေတယ်လို့ ဒေသခံတွေက ရိုက်တာ သတင်းကို ပြောပြတာ ဖြစ်ပါတယ်။
မြို့ထဲမှာ IS ခေါင်းဆောင် Abu Bakr al-Baghdadi လည်း ရှိနေတယ်လို့ ယူဆရပါတယ်။
လူတွေကို မြို့ပြင် မထွက်နိုင်အောင် IS က လုပ်ဆောင်နေပြီး IS အဖွဲ့ဝင်တွေ နေထိုင်ခဲ့တဲ့ နေရာတွေကို သွားဖို့ ပြည်သူတွေကို ပြောဆိုတာမျိုး ရှိတယ်လို့လည်း ဆိုပါတယ်။
Mosul မြို့မှာ လူပေါင်း တစ်သန်းခွဲလောက် ရှိနေသေးတဲ့အတွက် စိုးရိမ်မကင်းမှုတွေ ဖြစ်နေပါတယ်။
အမေရိကန် စစ်အရာရှိ တစ်ဦးကတော့ Mosul ထိုးစစ်ဆင်မှုဟာ ရုပ်ဆိုးအကျဉ်းတန်ပေမယ့် တိုးတက်မှုတွေ ရှိတဲ့ ထိုးစစ်ဆင်မှု ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။
နိုင်ငံတကာ ရွှေ့ပြောင်းသွားလာရေး IOM အဖွဲ့ကတော့ IS အနေနဲ့ ဓာတုလက်နက်တွေကို အသုံးပြုနိုင်တာကြောင့် သတိထားဖို့ တိုက်တွန်းလိုက်ပါတယ်။
အရင်တုန်းက Kurdish တပ်တွေနဲ့ တိုက်တုန်းက IS က ဓာတုလက်နက်တွေကို အသုံးပြုခဲ့တာ ရှိပါတယ်။
အီရတ် စစ်သားတွေကို အမေရိကန် ဦးဆောင်တဲ့ မဟာမိတ် အဖွဲ့က အကူအညီပေးနေပြီး IS အကြမ်းဖက် သမားတွေ မလွတ်မြောက်အောင် လုပ်ဆောင်နေပါတယ်။
အဲဒီလို အခြေအနေအတွင်း ဆီးရီးယား စစ်သားက မဟာမိတ်တပ်တွေဟာ အီရတ်နိုင်ငံက IS တွေကို ဆီးရီးယားနိုင်ငံထဲ ဝင်ရောက်အောင် လုပ်ဆောင်နေတယ်လို့ စွပ်စွဲလိုက်ပါတယ်။
Mosul မြို့ကို ပြန်လည် သိမ်းပိုက်နိုင်ရင် ကြီးမားတဲ့ အောင်မြင်မှု ဖြစ်ပေမယ့် လွယ်ကူ၊ မြန်ဆန်မှာ မဟုတ်ဘူးလို့ အမေရိကန် သမ္မတ ဘာရက် အိုဘားမားက ပြောလိုက်ပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
ပြည်သူကို IS က အကာကွယ်အဖြစ် အသုံးပြုလို့ဆို
Reviewed by THITHTOOLWIN
on
11:09
Rating:
