ထိုင်းနိုင်ငံမှာ ခရီးသွားဧည့်သည်တွေ အထူး ဆင်မ်ကဒ်လိုအပ်

ထိုင်းရောက် ကမ္ဘာလှည့် ခရီးသည်များ
ထိုင်းနိုင်ငံကို ခေတ္တအလည်အပတ် ရောက်လာတဲ့ နိုင်ငံခြား ခရီးသွားဧည့်သည်တွေရဲ့ မိုဘိုင်းဖုန်းတွေ ပိတ်ထားပေမယ့် ခြေရာခံလို့ရ နိုင်မယ့် အထူးဆင်မ်ကဒ်တွေ သုံးဖို့ အစီအစဉ်တခု ထိုင်းအစိုးရက ကြေညာလိုက်ပါတယ်။

ဒီလိုလုပ်မယ့် အစီအစဉ်ကို ထိုင်းတယ်လီဖုန်း ဆက်သွယ်ရေး ကြီးကြပ်သူတွေက မူအားဖြင့်သဘောတူပြီး ကိုယ်ရေးကိုယ်တာ ကိစ္စကို ထိခိုက်နိုင်တယ်ဆိုတဲ့ အချက်ကို ငြင်းပယ်လိုက်ပါတယ်။

အခုအဆိုပြုချက်ဟာ ပစ်မှု ကျူးလွန်တာကို ကာကွယ်ဖို့နဲ့ ဒုက္ခရောက်တဲ့သူတွေကို ရှာနိုင်အောင် ရည်ရွယ်တာလို့ဆိုပါတယ်။

ထိုင်းမှာ နေထိုင်ခွင့်ရကြတဲ့ နိုင်ငံခြားသားတွေ အခုခြေရာခံလို့ရတဲ့ အထူး ဆင်ကဒ်မျိုး မလိုအပ်ပါဘူး။ ဒီကဒ်သုံးစွဲသူတွေအနေနဲ့ ကိုယ့်တိုင်းပြည် ပြန်ရောက်တဲ့အခါလည်း ဒီကဒ်ကို သုံးလို့ရမှာဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

သင်ရဲ့မိတ်ဆွေတွေ ဘာတွေဖတ်သလဲ စိတ်ဝင်စားသလဲ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ