အင်ဒိုနီးရှား အရှေ့ပိုင်းတွင် မီးတောင်တစ်ခု လှုပ်ရှားခဲ့၍ အနီးရှိ လေဆိပ်အား ပိတ်ခဲ့ရ

အင်ဒိုနီးရှား အရှေ့ပိုင်း ရှိ ဂါမာလာမာမီးတောင် မှ ပြာပူများ မှုတ်ထုတ်နေစဉ် (ဓါတ်ပုံ-အင်တာနက်)
    ဂျာကာတာ၊ သြဂုတ် ၃ ရက် (ဆင်ဟွာ)

    အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်းတွင် သြဂုတ် ၃ရက်အစောပိုင်းက ဂါမာလာမာမီးတောင် လှုပ်ခတ်မှုဖြစ်ပေါ်ခဲ့၍ မီးတောင်အနီးရှိ လေဆိပ်တစ်ခုအား ယာယီပိတ်ထားရန် ဒေသခံအာဏာပိုင်များက လုပ်ဆောင်ခဲ့ကြကြောင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ အေဂျင်စီ မှ တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။

အင်အား ရစ်ခ်ျတာစကေး ၄.၆ ရှိသည့် ငလျင်ကြောင့် ဒေသစံတော်ချိန် နံနက် ၆း၂၈နာရီ ၌ ဂါမာလာမာမီးတောင် လှုပ်ခတ်ခဲ့ပြီး အမြင့် ၆၀၀မီတာအထိ ပြာပူများ မှုတ်ထုတ်ခဲ့ကြောင်း အမျိုးသား သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု အေဂျင်စီ ပြောရေးဆိုခွင့်ရှိသူ ဆူတိုပို ပေါ်ဝို နုဂရိုဟို ကပြောကြားခဲ့သည်။

မီးတောင်ပြာပူများသည် မီးတောင်ထိပ်ဝ၏ အရှေ့တောင်ဘက်နှင့် တောင်ဘက်ခြမ်း သို့ပျံ့နှံ့လျက် ရှိသော်လည်း အရေးပေါ်ပြောင်းရွှေ့မှုများ လုပ်ဆောင်ခြင်းမရှိသေးကြောင်း ၄င်းကပြောကြားခဲ့သည်။

၎င်းက Ternate မြို့မှ ဘာဘူလ်လာ လေဆိပ် အား မီးတောင်ပြာများကြောင့် ယာယီပိတ်ထားကြောင်း ပြောကြားခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်း တွင်မီးတောင်လုပ်ရှားမှုကြောင့် ဖြစ်ပေါ်လာသည် ပြာပူများသည် အင်ဒိုနီးရှားနိုင်ငံ နှင့် သြစတြေးလျနိုင်ငံကြား လေကြောင်းသွားလာမှုများကို အနှောက်အယှက်ဖြစ်ပေါ်စေကြောင်း သိရသည်။

ဂါမာလာမာမီးတောင်သည် အင်ဒိုနီးရှားနိုင်ငံရှိ မီးတောင်ရှင် ၁၂၉ခုအနက် တစ်ခုဖြစ်ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
အင်ဒိုနီးရှား အရှေ့ပိုင်းတွင် မီးတောင်တစ်ခု လှုပ်ရှားခဲ့၍ အနီးရှိ လေဆိပ်အား ပိတ်ခဲ့ရ  အင်ဒိုနီးရှား အရှေ့ပိုင်းတွင် မီးတောင်တစ်ခု လှုပ်ရှားခဲ့၍ အနီးရှိ လေဆိပ်အား ပိတ်ခဲ့ရ Reviewed by THITHTOOLWIN on 14:16 Rating: 5
Powered by Blogger.