သန်လျင်ဘောလုံးပွဲ ရုန်းရင်းဆန်ခတ်မှုတွင် ပြစ်မှုကျူးလွန်သူများကို ဒိုင်လူကြီးမှ အမှုဖွင့်


ဘြဂုတ်-၁ ရန်ကုန်

သန်လျင်မြို့နယ် အားကစားနှင့် ကာယပညာကော်မတီမှ ဦးစီးကျင်းပသော သန်လျင်မြို့ စီမံခန့်ခွဲမှုကော်မတီဥက္ကဌဖလား ဘောလုံးပြိုင်ပွဲကို ယနေ့ညနေတွင် သန်လျင်မြို့နယ် သီဟဒီပအားကစားကွင်းတွင် ကျင်းပခဲ့ရာ ဒိုင်လူကြီး၏ ဆုံးဖြတ်ချက်ကို နှစ်ဖက်အသင်းသားများ မကျေမနပ်ဖြစ်ရာမှ ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားခဲ့သဖြင့် ပြစ်မှုကျူးလွန်သည့် ကစားသမားများကို ဒိုင်လူကြီးမှ သန်လျင်မြို့မရဲစခန်းတွင် အမှုဖွင့်လိုက်ကြောင်းသိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဗိုလ်ချုပ်ရွာအသင်းမှ အသင်းခေါင်းဆောင် ဇင်လင်းမောင် (ကျောနံပါတ် ၇)၊ ဂိုးသမားယဉ်ထွေး၊တိုက်စစ်မှုး ရဲလင်းဇော်(ကျောနံပတ် ၁၈)တို့အားကွင်းလည်ဒိုင်လူကြီး ဦးသူရိန်ဥာဏ်ဝင်းက ပြစ်မှုကျူးလွန်သူများကို အရေးယူပေးပါရန် တိုင်ကြားလာသည့် အတွက် ပြစ်မှုကျူးလွန်သူဗိုလ်ချုပ်ရွာ
အသင်းမှဘောလုံးသမားသုံးဦးအား သန်လျင်မြို့မရဲစခန်းမှ ပ/၁၂၄၁ /၁၆ ရာဇသတ်ပုဒ်မ ၂၉၄ ၊၃၂၅၊ ၃၄၀၊၁၁၄ ဖြင့် အမှုလက်ခံခဲ့သည်။


ဖြစ်စဉ်နှင့်ပတ်သက်၍ “ဗိုလ်ချုပ်ရွာအသင်းဖက်က ဒိုင်လူကြီးကို ဆွဲလား ရမ်းလား လုပ်နေတာမြင်တယ်။ရှိသမျှရဲတွေအားလုံးကွင်းထဲဝင် ပြီးတော့ ဒိုင်လူကြီးကိုဆွဲထုတ်တယ်။နှစ်ဖက်ကစားသမားတွေကိုကာကွယ်ပေးတယ်။

ထိန်းပေးတယ်။ဖြစ်ပျက်မှုက လည်းမြန်တယ်။ဗိုလ်ချုပ် ကျေးရွာ ဘောလုံး အသင်းထိုင်တဲ့ ဘယ်ဘက်ပွဲကြည့်စဉ်က စင်မြင်အထက်မှာရှိတဲ့ ပျဉ်တွေကိုခွာပြီး လှမ်းပစ်တာတို့ ၊ ရေသန့်ဗူးနဲ့ပေါက်တာတို့ ခဲကျိုးတွေနဲ့ ပစ်တာတို့ လုပ်လာတယ်။ အခြေအနေပိုဆိုးလာလို့ သေနတ် ၃ ချက် မိုးပေါ်ထောင်ပစ် ပြီးတော့ အခြေအနေကိုထိန်းသိမ်းလိုက်ရပါတယ် ဟုဘောလုံးပွဲတွင်လုံခြုံရေးတာဝန်ယူထားရသည့်ရဲ အရာရှိတဦးကပြောသည်။

အဆိုပါဖလားဘောလုံးပြိုင်ပွဲတွင်ဘုရားကုန်းရွာမှ ၃ ဂိုး ဗိုလ်ချုပ်ရွာမှ ၂ ဂိုးဖြင့် ပွဲပြီးဆုံးချိန်တွင် နာကျင်အချိန်ပိုကိစ္စဖြင့် ယင်းဖြစ်ရပ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

လင်းလင်းအောင်၊ကျော်ကျော်
ဓါတ်ပုံ- မင်းဇာနည်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
သန်လျင်ဘောလုံးပွဲ ရုန်းရင်းဆန်ခတ်မှုတွင် ပြစ်မှုကျူးလွန်သူများကို ဒိုင်လူကြီးမှ အမှုဖွင့်  သန်လျင်ဘောလုံးပွဲ ရုန်းရင်းဆန်ခတ်မှုတွင် ပြစ်မှုကျူးလွန်သူများကို ဒိုင်လူကြီးမှ အမှုဖွင့် Reviewed by THITHTOOLWIN on 07:35 Rating: 5
Powered by Blogger.