မိုးကောင်းမြို့နယ် နန့်ဟိုင်နှင့်စေတုံကျေးရွာကြား တိုက်ပွဲဖြစ်ပွား

မိုးကောင်း | သြဂုတ် | ၈

ကချင်ပြည်နယ် မိုးကောင်းမြို့ နန့်ဟိုင်ကျေးရွာအထွက် မိုးကောင်း - ဖါးကန့်လမ်း ဒေသအခေါ်(ဘအေးကွေ့)ရှိ ဆက်သွယ်ရေး တာဝါတိုင်အနီး (ခမ၊ မပည KJ-729122)တွင် ဖါးကန့်မြို့နယ် ရှေ့တန်းလုံခြုံရေးဆောင်ရွက်ရန် မြစ်ကြီးနားမြို့မှ ထွက်ခွာလာသော ရဲတပ်ဖွဲ့(၁၆)နှင့် (၃၀)တို့မှ ရဲတပ်ဖွဲ့ဝင်များ ဖါးကန့် အခြေစိုက် စ က ခ(၇)လက်အောက်ခံ ခမရ(၄၄၁) ၊ ခလရ(၁၀၂)နှင့် လမ်းကင်းတာဝန်ကျ ခမရ(၄၂၇)တို့သည် သြဂုတ်လ(၈)ရက် နံနက်(၈း၁၅)နာရီအချိန်က အင်အားမသိရသော KIAအဖွဲ့နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ အရာရှိတစ်ဦး အခြားအဆင့် (၇)ဦး ယာဉ်မောင်းတစ်ဦးတို့ ဒဏ်ရာအ သီးသီးရရှိခဲ့ပါသည်။

 

ရဲတပ်သား မာရီယို နောက်ကျောထိမှန်(စိုးရိမ်ရ)မှအပ ကျန်သူများ(မစိုးရိမ်ရ)ကြောင်း သိရပြီး မြစ်ကြီးနား စစ်ဆေးရုံတွင် ကုသမှုခံယူနေကြောင်း သတင်းရရှိပါသည်။

မိုးကောင်းသတင်းမီဒီယာ
https://www.facebook.com/mogaungnews.media/
မိုးကောင်းမြို့နယ် နန့်ဟိုင်နှင့်စေတုံကျေးရွာကြား တိုက်ပွဲဖြစ်ပွား  မိုးကောင်းမြို့နယ် နန့်ဟိုင်နှင့်စေတုံကျေးရွာကြား တိုက်ပွဲဖြစ်ပွား Reviewed by THITHTOOLWIN on 22:56 Rating: 5
Powered by Blogger.