လားရှိုး-သိန်းနီလမ်းပိုင်း တောင်ကျချောင်းရေတိုက်စားမှုကြောင့် ပျက်စီး


လားရှိုး သြဂုတ် ၈

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုး-သိန်းနီလမ်းပိုင်း သိန္နီမြို့နယ် မိုင်းလီကျေးရွာ အုပ်စု မိုင်းလီရွာသစ်ကျေးရွာ ကျွန်းတောထိပ်အနီးတွင် ယနေ့ နံနက် ၈ နာရီ ခွဲက မိုးသည်းထန်စွာရွာသွန်း၍ တောင်ကျချောင်းရေ တိုက်စားမှုကြောင့် လားရှိုး-မူဆယ်သွား ပြည်ထောင်စုလမ်းမကြီး ကားလမ်းအောက်ခြေရှိ မြေသား များ မျောပါခဲ့ပြီး အပေါ်ယံကတ္တရာလမ်းသာ ကျန်ရစ်ခဲ့သဖြင့် မော်တော်ယာဉ် များ ဖြတ်သန်းမရတော့ဘဲ လမ်းပိတ်ဆို့မှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

လားရှိုး -သိန်းနီ လမ်းပိုင်းရှိ မိုင်တိုင်အမှတ် (၁၉၂/၂)၊ (၁၉၂/၃)ကြား လမ်းပိုင်း တောင်ကျချောင်းရေ တိုက်စားမှုကြောင့် လမ်းပိတ်ဆို့ မှုဖြစ်ပေါ်ခဲ့သော နေရာသို့ သိန်းနီမြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများ၊ သတင်းတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်မိရပ်ဖများ ၊ ကျေးရွာနေပြည်သူများ ပူးပေါင်း၍ မော်တော်ယာဉ်များ ရှင်းလင်းခြင်း၊ ခရီးသည်များအား မော်တော်ဆိုင်ကယ်ဖြင့် လွှဲပြောင်း ပို့ဆောင်ပေးခြင်း တို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မော်တော်ယာဉ်များ အမြန်ဖြတ်သန်းနိုင်ရေးအတွက် အဆိုပါလမ်းပိုင်း အား လမ်းဦးစီးဌာနနှင့် ORIENTAL Highway ကုမ္ပဏီတို့က ဆောင်ရွက် လျက် ရှိကြောင်း သိရသည်။

ဟန်ဌေး(လားရှိုး)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
လားရှိုး-သိန်းနီလမ်းပိုင်း တောင်ကျချောင်းရေတိုက်စားမှုကြောင့် ပျက်စီး  လားရှိုး-သိန်းနီလမ်းပိုင်း တောင်ကျချောင်းရေတိုက်စားမှုကြောင့် ပျက်စီး Reviewed by THITHTOOLWIN on 08:29 Rating: 5
Powered by Blogger.