ဖိလစ်ပိုင်ထောင် တစ်ခုတွင် ပေါက်ကွဲမှု ဖြစ်ပွားရာ အနည်းဆုံး ၁၀ဦးသေ

ဖိလစ်ပိုင်ထောင် ပေါက်ကွဲမှု အတွင်း သေဆုံးသွားသူတစ်ဦးအား သယ်ထုတ်လာစဉ် (ဓါတ်ပုံ-အင်တာနက်)
    မနီလာ၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ)

    ဖိလစ်ပိုင်နိုင်ငံ Paranque မြို့ရှိ အကျဉ်းထောင်တစ်ခုတွင် သြဂုတ် ၁၁ရက်ညက ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ တရုတ်လူမျိုးအကျဉ်းသား နှစ်ဦးအပါအဝင် လူ ၁၀ဦးထက်မနည်းသေဆုံးခဲ့ကြောင်း DZBB ရေဒီယို က ထုတ်လွှင့်ခဲ့သည်။

အကျဉ်းထောင် ရုံးအဆောက်အအုံပထမထပ် ရှိ ထောင်ကြီးကြပ်ရေးမှူး Gerald Bantag ၏ ရုံးခန်း၌ ည ၈း၃၀ ပတ်ဝန်းကျင် တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ နှင့် Paranque မြို့တော်ဝန် Edwin Olivarez ၏ ပြောကြားချက်ကို ကိုးကား၍ သတင်း၌ဖော်ပြခဲ့သည်။

Bantag သည် ဗုံးစမှန်၍ ဒဏ်ရာများ ရရှိခဲ့ကြောင်း သတင်း၌ဖော်ပြခဲ့သည်။

အကျဉ်းထောင် ဝင်းအတွင်း သေနတ်ပစ်ခတ်မှုများ ဖြစ်ပွားပြီးနောက် အနည်းဆုံး ပေါက်ကွဲမှု ၃ခုထက်မနည်း ကြားခဲ့ရကြောင်း  အကျဉ်းထောင် အနီး နေထိုင်သူများက ပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့များသည် ပေါက်ကွဲမှုဖြစ်ပွားရခြင်းအကြောင်းအရင်းကို စုံစမ်းစစ်ဆေးဆဲဖြစ်ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
ဖိလစ်ပိုင်ထောင် တစ်ခုတွင် ပေါက်ကွဲမှု ဖြစ်ပွားရာ အနည်းဆုံး ၁၀ဦးသေ  ဖိလစ်ပိုင်ထောင် တစ်ခုတွင် ပေါက်ကွဲမှု ဖြစ်ပွားရာ အနည်းဆုံး ၁၀ဦးသေ Reviewed by THITHTOOLWIN on 18:36 Rating: 5
Powered by Blogger.