ပန်းတိမ်းမန်းချောင်းရေ တိုက်စားမှုကြောင့် တံတားပေ(၃၀) ၂ ခန်းပြုတ်ကျ


ငဖဲ သြဂုတ် ၁

သြဂုတ်လ ၁ ရက်နေ့ နံနက် ၃ နာရီမိနစ်၂၀အချိန်ခန့်တွင် ၂၀၁၄-၂၀၁၅ ဘဏ္ဌာရေးနှစ် တင်ဒါပိုလျှံငွေ ကျပ်သိန်း(၅၀၀)ဖြင့် သတ္တု ဥက္ကာကုမ္မဏီမှ တည်ဆောက်ခဲ့သည့် ငဖဲမြို့နယ် မန်းဆုံ-အောင်ပင်လယ် ကျေးရွာချင်း ဆက်သွယ်သော တံတားအရှည်(၂၀၀)ပေ၊ အကျယ်(၁၂)ပေ၊ အမြင့် (၁၅)ပေ လက်ရှိကွန်ကရစ် တံတားသည် ယမန်နေ့က မိုးသည်းထန်စွာ ရွာသွန်းသဖြင့် ပန်းတိမ်း မန်းချောင်းရေ တိုက်စားမှုကြောင့် မန်းဆုံဘက်ခြမ်း ရေလယ်တိုင် နိမ့်ကျသွားသည့်အတွက် ပေ(၃၀) ၂ခန်း ပြုတ်ကျ ပျက်စီးသွားကြောင်း သိရသည်။

အဆိုပါ တံတားနေရာသို့ ဒုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင်ဝင်း၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးစန်းကြူ၊ကျေးလက် ဦးစီးဌာနဦးစီးမှူး ဦးယုနိုင်လင်း၊ ဆင်ချည်တိုင်ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးနှင့် ဆယ်အိမ်မှူးများ ပါဝင်သောအဖွဲ့မှ ကွင်းဆင်းကြည့်ရှု ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သန်းနိုင်ဦး(ငဖဲ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
ပန်းတိမ်းမန်းချောင်းရေ တိုက်စားမှုကြောင့် တံတားပေ(၃၀) ၂ ခန်းပြုတ်ကျ ပန်းတိမ်းမန်းချောင်းရေ တိုက်စားမှုကြောင့် တံတားပေ(၃၀) ၂ ခန်းပြုတ်ကျ Reviewed by THITHTOOLWIN on 22:16 Rating: 5
Powered by Blogger.