ပြည်နယ်နဲ့ တိုင်းဒေသကြီး ၄ ခုမှာ မိုးကြီးနိုင်

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ၂ဝ၁၆ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့ မွန်းလွဲ ၂းဝဝ နာရီအချိန် ထုတ်ပြန်ချက်ကို တွေ့ရစဉ်။ ဓါတ်ပုံ - မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန(facebook)
ကချင်၊ ရခိုင်၊ ချင်း၊ စစ်ကိုင်း စတဲ့တိုင်းဒေသကြီးနဲ့ ပြည်နယ် ၄ ခုမှာ ဒီနေ့ကစပြီး  ၅ ရက်အတွင်း မိုးကြီးနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။

မိုးကြီးပြီး မြစ်ရေကြီးနိုင်တဲ့ အခြေအနေတွေရှိတယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောပါတယ်။

မြစ်ရေကြီးနိုင်တဲ့ အခြေအနေတွေကြောင့် ကြိုတင်ကာကွယ်မှုတွေ လုပ်ထားဖို့လိုအပ်ကြောင်းလည်း သတိပေး ထားပါတယ်။

မြစ်ဝကျွန်းပေါ်ဒေသတွေဖြစ်တဲ့ ဧရာဝတီ၊ ပဲခူးနဲ့ ရန်ကုန်တိုင်းဒေသကြီးတွေမှာလည်း မိုးများနိုင် ပြီး မြန်မာနိုင်ငံတောင်ပိုင်းမှာ မိုးနည်းနိုင်တယ်လို့လည်း ပြောပါတယ်။

ကမ်းရိုးတန်းဒေသတွေမှာတော့ လှိုင်းအမြင့်ပေ ၆ ပေကနေ ၉ ပေအထိ ရှိနိုင်တဲ့အတွက် ပင်လယ်ကမ်းရိုးတန်း သွား ရေယာဉ်တွေအနေနဲ့ သတိပြုသွားလာကြဖို့လည်း ထုတ်ပြန်ထားပါတယ်။

RFA Burmese
http://www.rfa.org/burmese
ပြည်နယ်နဲ့ တိုင်းဒေသကြီး ၄ ခုမှာ မိုးကြီးနိုင်  ပြည်နယ်နဲ့ တိုင်းဒေသကြီး ၄ ခုမှာ မိုးကြီးနိုင် Reviewed by THITHTOOLWIN on 18:03 Rating: 5
Powered by Blogger.