မြန်မာနိုင်ငံသား အိမ်အကူအလုပ်သမတစ်ဦးကို သတ်မှုဖြင့် သားအမိနှစ်ဦး တရားစွဲဆိုခံရ


စင်င်္ကာပူနိုင်ငံမှာ အမျိုးသမီးတစ်ဦးနှင့် ၎င်း၏မိခင်တို့ကို ပိရှန်းလမ်းနေအိမ်တွင် ၎င်းတို့၏ မြန်မာနိုင်ငံသားအိမ်အကူ အမျိုးသမီးကို သတ်ဖြတ်မှုဖြင့် ဇူလိုင် ၂၈ ရက်၊ ကြာသပတေးနေ့တွင် တရားစွဲဆိုလိုက်သည်။ မူရူဂါယန် (၃၆ နှစ်) နှင့် ပရီမာအက်နာရေနာဆာမီ (၅၈ နှစ်) တို့နှစ်ဦးသည် ရုံးတော်သို့ အသနား ခံစာ တင်သွင်းခွင့်ရရှိမည် မဟုတ်ပေ။

တရားခံနှစ်ဦးသည် ဇူလိုင် ၂၅ ရက်နှင့် ၂၆ ရက်နေ့အတွင်း (၄၅) ရပ်ကွက်၊ ပိရှန်းလမ်းသွယ်(၁၁)၊ (၉) လွှာရှိ ၎င်းတို့၏နေအိမ်တွင် ပီအန်ငိုင်းဒွန် (၂၄ နှစ်) ကို သတ်မှုဖြင့် တရားစွဲဆိုခံရခြင်း ဖြစ် သည်။ တရားခံနှစ်ဦးကို ဗဟိုရဲဌာန၏ခွင့်ပြုချက်ဖြင့် ဇူလိုင် ၂၇ ရက် ဗုဒ္ဓဟူးနေ့တွင် စစ်ဆေး မေးမြန်းရန် ရမန်ယူခဲ့ပါသည်။ တရားခံများအနေဖြင့် လတ်တလောအခြေအနေတွင် အသနားခံစာ တင်သွင်းနိုင်သေးမည် မဟုတ်ကြောင်း အစိုးရရှေ့နေ မိုဟာမက်ဖိုင်ဇယ်ထံမှ သိရသည်။

တမီးဘာသာဖြင့်ဖတ်ပြသည့် တစ်ယောက်ချင်းစီအတွက်စွဲချက်များကို ၎င်းတို့နှစ်ဦးသည် အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်ပင် နာယူခဲ့သည်။ နောက်တစ်ကြိမ် ကြားနာမှုကို သြဂုတ် ၄ ရက်နေ့တွင် ပြုလုပ်မည်ဖြစ်ပါသည်။ ၎င်းတို့နှစ်ဦးသည် ပြစ်မှုထင်ရှားပါက သေဒဏ်ချမှတ်ခံရ မည်ဖြစ်သည်။

အခင်းဖြစ်ပွားသည့်အင်္ဂါနေ့ နံနက် ၁၁ နာရီတွင် အထက်ဖော်ပြပါလိပ်စာမှ ရဲဌာနသို့ ဖုန်းဖြင့် အကြောင်းကြားလာ၍ ရဲများ သွားရောက်စစ်ဆေးချိန်တွင် တရားခံအမျိုးသမီးသည် လှုပ်ရှားမှု မရှိတော့ဘဲ သေဆုံးနေပြီဖြစ်ပါသည်။ သေဆုံးမှုသည် သွေးရိုးသားရိုး မဟုတ်ဟု သတ်မှတ် ကြောင်း အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Ref: ST
စလုံး Page
https://www.facebook.com/SaloneCollection
မြန်မာနိုင်ငံသား အိမ်အကူအလုပ်သမတစ်ဦးကို သတ်မှုဖြင့် သားအမိနှစ်ဦး တရားစွဲဆိုခံရ  မြန်မာနိုင်ငံသား အိမ်အကူအလုပ်သမတစ်ဦးကို သတ်မှုဖြင့် သားအမိနှစ်ဦး တရားစွဲဆိုခံရ Reviewed by THITHTOOLWIN on 21:50 Rating: 5
Powered by Blogger.