![]() |
ACT, Black Mountain မှာ နှင်းတွေဖုံးလွှမ်းနေ (Credit: ABC) |
ဗစ်တိုးရီးယား ပြည်နယ်၊ တက်စမေးနီးယား၊ နယူးဆောက်သ်ဝေးလ်၊ မြို့တော် ကင်ဘာရာရှိရာ အထူးဒေသနဲ့ တောင်သြစတြေးလျ ပြည်နယ်တွေမှာ လေပြင်းတိုက်ခတ်မယ်လို့ မိုးလေဝသဌာနက သတိပေးထားပါတယ်။
တောင်သြစတြေးလျပြည်နယ်မှာ ညတုန်းက အိမ်ခြေပေါင်း ငါးသောင်းမှာ လျှပ်စစ်မီး ပြတ်တောက်မှုတွေ ဖြစ်ခဲ့ရပါတယ်။
တက်စမေးနီးယား ပြည်နယ်မှာလည်း နေအိမ်နဲ့ ဈေးဆိုင် တစ်သောင်းလောက်မှာ လျှပ်စစ်မီးပြတ်တောက်နေပြီး မြို့တော် ကင်ဘာရာမှာတော့ နှင်းတွေ ကျရောက်တဲ့အတွက် တမြို့လုံးနီးပါး ဖြူဖွေးနေပါတယ်။
ဗစ်တိုးရီးယား ပြည်နယ်မှာလည်း လေပြင်းတိုက်ခတ်မှုကြောင့် အရေးပေါ် ဌာနာကို လှမ်းပြီး အကူအညီတောင်းခံတဲ့ ဖုန်းခေါ်ဆိုမှု တစ်ထောင်ကျော် ရှိခဲ့ပါတယ်။
လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်တွေ ကျိုးကျတဲ့အတွက် အကူအညီတောင်းတာတွေ၊ တချို့ကလည်း လမ်းချော်လို့ ကားမတော်တဆ ဖြစ်ရာက အကူအညီတောင်းခံတာမျိုး ဖြစ်ပါတယ်။
ဗစ်တိုးရီးယား ပြည်နယ်က တောင်ပေါ်ဒေသတွေမှာတော့ အပူချိန်က အနှုတ် ၈ ဒီဂရီ စဲလ်ဆီးယပ်စ် အထိ ရောက်ရှိခဲ့တဲ့အတွက် နှင်းထူထပ်မှုတွေ ဖြစ်နေပြီး နှင်းလျောစီးမယ့် လူတွေအတွက် သတင်းကောင်း ဖြစ်နေပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
သြစီ အရှေ့တောင်ပိုင်းမှာ အအေးဒဏ်ခံနေရ
Reviewed by THITHTOOLWIN
on
10:06
Rating:
