![]() |
(Credit: ABC) |
တခြားအာရှ နိုင်ငံတွေဟာလည်း သူတို့နိုင်ငံအတွင်းက သစ်တောတွေကို ကာကွယ်တဲ့အနေနဲ့ ပြည်ပက သစ်ကုန်ကြမ်းတွေကို ဝယ်ယူတင်သွင်းကြသလို မြန်မာကလည်း အလားတူ လုပ်ဆောင်မယ်လို့ မြန်မာအစိုးရက ပြောကြောင်း မြန်မာထိုင်းမ်စ် သတင်းမှာ ဖော်ပြထားပါတယ်။
မြန်မာအစိုးရက ၂၀၁၄-၂၀၁၅ ခုနှစ် ဘဏ္ဍာရေးနှစ်ကတည်းက သစ်လုံးတင်ပို့ရောင်းချမှုကို ပိတ်ပင်ခဲ့တာ ဖြစ်သလို သစ်ခုတ်ထွင်းမှုကိုလည်း ယာယီရပ်ဆိုင်းထားပါတယ်။
ပျဉ်ပြားကြမ်းတွေကို ပြည်ပကနေ တင်သွင်းတာက သစ်တောကို ကာကွယ်ရာ ရောက်သလို ဈေးနှုန်းလည်း ပိုသက်သာတယ်လို့ အဲဒီလုပ်ငန်းကို လုပ်ကိုင်နေတဲ့ ဦးဘဘချိုက မြန်မာထိုင်းမ်စ်ကို ပြောပြသွားပါတယ်။
ပြည်ပကနေ ဝယ်ယူတင်သွင်းတဲ့အခါမှာ အခွန်တွေကို လျှော့ပေးဖို့လည်း တောင်းဆိုနေကြပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
ပြည်ပက ပျဉ်တွေကို မြန်မာ ဝယ်ယူတင်သွင်းမယ်
Reviewed by THITHTOOLWIN
on
16:17
Rating:
