မြ၀တီတွင်ဟန့်တားခံရသည့် ထိုင်းကားများ မဲဆောက်ပြန်ရောက်

 မြ၀တီတွင်တွေ့ရသည့် ထိုင်းဂက်စ်တင်ကားများ။
ဇွန် - ၁၄ ၂၀၁၆

ဇွန်လ (၁၃)ရက်နေ့ မနေ့ညနေပိုင်းက မြ၀တီဘက်ကို ဂက်စ်သွားပို့တဲ့ ထိုင်းကား ၃ စီးကို အမည်မသိအဖွဲ့တခုကနေ ဟန့်တားထားရာကနေ ညှိနှိုင်းမှု အဆင်ပြေသွားလို့ မဲဆောက်ဘက်ကို ပြန်ရောက်လာပြီး ဖြစ်ပါတယ်။

သူတို့ကို ဖမ်းဆီးဟန့်ထားတာမဟုတ်ဘဲ ညှိနှိုင်းမှုပြုလုပ်တာလို့ မြ၀တီက ကုန်သည်ကြီး တဦးကပြောဆိုပါတယ်။

အစပိုင်းကတော့ ဂက်စ်တင်သွင်းတဲ့ လုပ်ငန်းရှင်တွေဘက်ကနေ ဒီလိုလုပ်တာကို လက်မခံဘဲ ရဲစခန်းမှာအမှုဖွင့်ဘို့အထိ ဖြစ်ခဲ့တယ်ဆိုပြီး ဒီဖြစ်စဉ်ကို အနီးကပ်လေ့လာနေတဲ့ မြ၀တီမြို့ ခံ တဦးကနေ ကရင်အမျိုးသားမီဒီယာကို ပြောပါတယ်။

ဒီကိစ္စပြေလည်သွားပေမဲ့ ဘယ်လုံပုံစံနဲ့ပြေလည်သွားတာလည်း ဆိုတာကိုတော့ သူလည်းမသိဘူးလို့ အဲဒီလေ့လာသူကဖြည့်စွက် ပြောဆိုပါတယ်။


ထိုင်းနိုင်ငံဘက်က မီးဖိုချောင်သုံး ဂက်စ်တွေကို အခွန်အကောက်ပေးပြီး တရားဝင်တင်သွင်းတာဖြစ်တယ်လို့ ဂက်စ်တင်သွင်းတဲ့ လုပ်ငန်းရှင်တွေဘက်က ပြောဆိုပါတယ်။

ဒီလိုဖြစ်ရပ်မျိုး အရင်ကလည်း မြ၀တီမှာဖြစ်ခဲ့ပါသေးတယ်။

ထိုင်းဂက်စ်ကားမောင်းတဲ့သူကတော့ သူတို့ကားတွေ ချစ်ကြည်ရေးတံတားကနေ မဲဆောက်ဘက်ကို ဇွန်လ (၁၄)ရက်နေ့ ထိုင်းစံတော်ချိန် ၁၂ နာရီ မတိုင်ခင်လေးမှာ ပြန်လည်ရောက်ရှိ လာတယ်လို့ ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ မြ၀တီမှာ တခုတခုတော့လွဲနေပြီးလို့ သုံးသပ်ပြောဆိုနေကြသူတွေလည်း ရှိနေပါတယ်။

သတင်းနှင့်ဓာတ်ပုံ - ကရင်အမျိုးသား မီဒီယာ
မြ၀တီတွင်ဟန့်တားခံရသည့် ထိုင်းကားများ မဲဆောက်ပြန်ရောက်  မြ၀တီတွင်ဟန့်တားခံရသည့် ထိုင်းကားများ မဲဆောက်ပြန်ရောက် Reviewed by THITHTOOLWIN on 14:16 Rating: 5
Powered by Blogger.