ကျောက်မျက်ရတနာပြပွဲ နေပြည်တော်မှာ စတင်ကျင်းပ


၅၃ ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နိုင်ငံတော်ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်ခဲ့ပြီး တရုတ်နိုင်ငံက ကျောက်မျက်ကုမ္ပဏီ ၈၀၀ က ကုန်သည် ၁၈၀၀ ကျော်အပါအ၀င် ပြည်တွင်းပြည်ပ ကုန်သည်ပေါင်း ၃၄၀၀ နီးပါး တက်ရောက်ဖို့ စာရင်းပေးသွင်းထားတယ်လို့ သိရပါတယ်။

ဒီကနေ့ နေပြည်တော်၊ ဇမ္မူသီရိမြို့နယ်က မဏိရတနာကျောက်မျက်ပြတိုက်မှာ စတင်ကျင်းပခဲ့တာဖြစ်ပြီး အခုပြပွဲမှာ ကျောက်မျက် အချောထည်တွေ ပိုများတယ်လို့ သံယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ညွန်ကြားရေးမှူးချုပ် ဦးဝင်းထိန်က ပြောပါတယ်။

အရင်က ကျောက်မျက်ပြပွဲလေလံဆွဲတဲ့ နိုင်ငံခြားသားတွေကို ယူရို တစ်သောင်းလောက်ပဲ စပေါ်ငွေ တင်ရပေမယ့် အမှန်တကယ်မ၀ယ်ယူဘဲ လေလံဆွဲသူတွေရှိလို့ စပေါ်ငွေယူရို ငါးသောင်းတင်ရမယ်လို့ ဦးဝင်းထိန် က ပြောပါတယ်။

ကျောက်မျက်ပြပွဲတွေကို အရင်က ရန်ကုန်မှာသာကျင်းပခဲ့ပြီး ၂၀၁၀ ပြည့်နှစ်ကစတင်ပြီး နေပြည်တော်မှာ စတင်ကျင်းပခဲ့တာဖြစ်ပါတယ်။

ဒီကနေ့စတင်ကျင်းပတဲ့ မြန်မာ့ကျောက်မျက်ရတနာပြပွဲကို ဇူလိုင်လ ၆ ရက်အထိ ကျင်းပသွားမှာဖြစ်ပြီး ကျောက်စိမ်းတင်ဒါအတွဲပေါင်း ၅၈၀၀ ကျော်၊ ကျောက်စိမ်း ဈေးပြိုင် အတွဲပေါင်း ၁၆၀ ကျော်၊ ပုလဲတင်ဒါအတွဲပေါင်း ၃၃၀ ကျော်၊ ပုလဲဈေးပြိုင်အတွဲ ပေါင်း ၁၆၀ နီးပါး တင်ပြရောင်းချမှာဖြစ်ပါတယ်။

Photo: Win Ko Ko Latt/RFA
(နေပြည်တော်မှာ ဇွန်လ ၂၄ ရက်နေ့က စတင်ကျင်းပတဲ့ ကျောက်မျက်ရတနာပြပွဲမှာ ကျောက်ရိုင်းတုံး အကဲဖြတ်နေသူတွေကို မြင်ရစဉ်)

RFA Burmese
https://www.facebook.com/rfaburmese
ကျောက်မျက်ရတနာပြပွဲ နေပြည်တော်မှာ စတင်ကျင်းပ ကျောက်မျက်ရတနာပြပွဲ နေပြည်တော်မှာ စတင်ကျင်းပ Reviewed by THITHTOOLWIN on 16:58 Rating: 5
Powered by Blogger.