ဘိုလီးဗီးယား ၊ အီသီယိုပီးယား ၊ ကာဇန်စတန် နှင့် ဆွီဒင်တို့ လုံခြုံရေး ကောင်စီအဖွဲ့ ဝင်နိုင်ငံများ ဖြစ်လာ

ကုလသမဂ္ဂ အထွေထွေညီလာခံ၌ လုံခြုံရေး ကောင်စီအဖွဲ့ ဝင် နိုင်ငံ မဲခွဲရွေးချယ်ပွဲတွင် နယ်သာလန် ကိုယ်စားလှယ်များအား တွေ့ ရစဉ် (ဆင်ဟွာ)
    ကုလသမဂ္ဂ ၊ ဇွန် ၂၉ ရက် (ဆင်ဟွာ)

    ကုလသမဂ္ဂ အထွေထွေ ညီလာခံ၌ ဇွန်လ ၂၈ ရက်က ပြုလုပ်သော ၂ဝ၁၇ - ၂ဝ၁၈ ခုနှစ် အတွက် လုံခြုံရေးကောင်စီ အဖွဲ့ ဝင်နိုင်ငံ မဲခွဲ ရွေးချယ်ပွဲတွင် ဘိုလီးဗီးယား ၊ အီသီယိုပီးယား ၊ ကာဇက်စတန် နှင့် ဆွီဒင်တို့ အရွေးခံရကြောင်း နှင့် နယ်သာလန် နိုင်ငံ နှင့် အီတလီ နိုင်ငံတို့ အကြား မည်သည့်နိုင်ငံက အရွေးချယ်ခံရမည်ကို တရားဝင် ဆုံးဖြတ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

အဆိုပါ နှစ်နိုင်ငံသည် အနောက်ဥရောပ နှင့် အခြားအုပ်စုအဖွဲ့ဝင်နိုင်ငံများ (WEOG) အတွက် ရရှိထားသော ခွဲတမ်း နှစ်နေရာအနက် တစ်နေရာအတွက် အပြိုင်ဖြစ်နေကြောင်းနှင့် ၄င်းနှစ်နိုင်ငံက နှစ်နှစ်သက်တမ်းကို ခွဲဝေယူကြရန် နှင့် လျှို့ဝှက် မဲရလဒ်များကို ဇွန်လ ၂၈ ရက် ညနေ ၅ နာရီ နောက်ပိုင်းမှ စတင်ပြီး အခြား ထုတ်ပြန်ချက် တစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မပြုမီ ဆိုင်းငံ့ထားရန် သဘော တူညီခဲ့ကြသည်။

 ဆွီဒင်နိုင်ငံက အခြား WEOG နိုင်ငံများကို ကိုယ်စားပြုသော တစ်နေရာအတွက် ပြတ်ပြတ်သားသား အနိုင်ရ ခဲ့သည်။

အရွေးချယ်ခံထားရသော ၅ နိုင်ငံသည် လာမည့် ၂ဝ၁၇ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ စတင်ကာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ ဝင် ၅ နိုင်ငံနှင့်အတူ လုံခြုံရေးကောင်စီအဖွဲ့ ဝင် ၁၅ နိုင်ငံဖြင့် တွဲဖက် လုပ်ကိုင်ရမည် ဖြစ်သည်။ ဗြိတိန် ၊ တရုတ် ၊ ပြင်သစ် ၊ ရုရှား နှင့် အမေရိကန် ပြည်ထောင်စု တို့သည် ၂ဝ၁၅ - ၂ဝ၁၆ ခုနှစ် အတွက် အမြဲတမ်း မဟုတ်သော ( အလှည့်ကျ) လုံခြုံရေးကောင်စီ အဖွဲ့ ဝင် ၅ နိုင်ငံကို ၂ဝ၁၄ ခုနှစ်တွင် ရွေးချယ်ခဲ့ကြသည်။ အဆိုပါ နိုင်ငံများမှာ အင်ဂိုလာ ၊ မလေးရှား ၊နယူးဇီလန် ၊ စပိန် နှင့် ဗင်နီဇွဲလား တို့ ဖြစ်ပြီး ၄င်းတို့ ၏ နှစ်နှစ် သက်တမ်းမှာ ဒီဇင်ဘာလ ၃၁ ရက်တွင် ကုန်ဆုံးမည် ဖြစ်သည်။

၂ဝ၁၄ ခုနှစ်တွင် ပြုလုပ်ခဲ့သည့် အထွေထွေ ညီလာခံ၌ အဖွဲ့ ဝင် ၁၉၃ နိုင်ငံသည် ၂ဝ၁၆ ခုနှစ်မှ စတင်ကာ အမြဲတမ်း မဟုတ်သော လုံခြုံရေးကောင်စီ အဖွဲ့ ဝင် နိုင်ငံများ အဖြစ် အရွေးချယ်ခံရသော နိုင်ငံများအတွက် ၄င်းတို့ ၏ လုပ်ငန်းတာဝန်များကို ကြိုတင်ပြင်ဆင်ခွင့် ရနိုင်ရန် ၊ လက်ရှိတာဝန် ထမ်းဆောင်နေသော နိုင်ငံများ အနေဖြင့် သက်တမ်း မကုန်ဆုံးမီ ၆ လစော၍ အဖွဲ့ ဝင်နိုင်ငံသစ် ရွေးချယ်ပွဲ ပြုလုပ်သွားရန် ဆုံးဖြတ်ခဲ့ကြသည်။ ယခင်က မဲခွဲရွေးချယ်ပွဲကို အောက်တိုဘာလတွင် ပုံမှန်ကျင်းပခဲ့သည်။

ဆွေးနွေးပွဲကို ရွှေ့ဆိုင်းကြောင်း မထုတ်ပြန်မီ WEOG နိုင်ငံများအဖွဲ့ ဥက္ကဋ္ဌ နော်ဝေ နိုင်ငံက အဆိုပြုမှုအပေါ် ၄င်းတို့ အုပ်စု၏ သဘောတူညီမှု ရရှိရေးအတွက် အုပ်စုအတွင်း ဆွေးနွေးပွဲ ပြုလုပ်ရန် နှင့် အထွေထွေ ညီလာခံတွင် ထောက်ခံမဲ သုံးပုံနှစ်ပုံဖြင့် အတည်ပြုရန် ကြေညာခဲ့သည်။

အီတလီ နှင့် နယ်သာလန်တို့ တွင် မည်သည့်နိုင်ငံက အခြား အလှည့်ကျ လုံခြုံရေးအဖွဲ့ ဝင် ၅ နိုင်ငံနှင့်အတူ ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်တွင် ၂ နှစ်သက်တမ်း ကုန်ဆုံးတော့မည့် အီဂျစ် ၊ ဂျပန် ၊ ဆီနီဂေါ ၊ ယူကရိန်း နှင့် ဥရုဂွေး နိုင်ငံများ နေရာ၌ အစားထိုး ဝင်ရောက်ခွင့် ရမည်ကို ၅ ကြိမ်တိတိ လျှို့ဝှက် မဲခွဲခဲ့ရာ ၉၅-၉၅ ဖြင့် အပြိုင် ရပ်တည်နေကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
ဘိုလီးဗီးယား ၊ အီသီယိုပီးယား ၊ ကာဇန်စတန် နှင့် ဆွီဒင်တို့ လုံခြုံရေး ကောင်စီအဖွဲ့ ဝင်နိုင်ငံများ ဖြစ်လာ  ဘိုလီးဗီးယား ၊ အီသီယိုပီးယား ၊ ကာဇန်စတန် နှင့် ဆွီဒင်တို့ လုံခြုံရေး ကောင်စီအဖွဲ့ ဝင်နိုင်ငံများ ဖြစ်လာ Reviewed by THITHTOOLWIN on 15:57 Rating: 5
Powered by Blogger.