အသတ်ခံရသည့် ဆရာတော်ဘဒ္ဒန္တဥာဏ၀ံသ၏ ဈာပနအခမ်းအနား တစ်လအတွင်း ပြုလုပ်မည်


မန္တလေး ဇွန် ၁၅

လူငယ်နှစ်ဦး၏ သတ်ဖြတ်မှုကြောင့် ဘ၀နတ်ထံပျံလွန်တော်မူခဲ့သည့် ဆရာတော်ဘဒ္ဒန္တဥာဏ၀ံသ ၏ဈာပနအခမ်းအနားကို တစ်လအတောအတွင်း အပြီးဆင်ယင်ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် စဥ့်ကူးမြို့နယ် လက်ပန်လှကျေးရွာအုပ်စု ပြည်စိုးအောင်ရပ် ပြည်စိုးအောင်စာသင်တိုက် အသောကကျောင်းဦး စီးနာယကဆရာတော်ဘဒ္ဒန္တဥာဏ၀ံသ သည် ဇွန် ၁၄ ရက်နံနက် ၄ နာရီခန့်က ကျောင်းတိုက်အတွင်း လူငယ်နှစ်ဦး၏ ရက်စက်စွာသတ်ဖြတ်ခြင်း ခံခဲ့ရရာ ယခုအခါတွင် အဆိုပါလူသတ်တရားခံနှစ်ဦးအားဖမ်းဆီးရမိထားကြောင်း နယ်မြေရဲစခန်းသတင်းထုတ်ပြန်ချက်အရသိရပြီး ဆရာတော်၏ကြွင်းကျန်ရစ် သောရုပ်ကလာပ်တော်ကို ဈာပနအခမ်းအနားနှင့်တစ်ကွကျင်းပပြုလုပ်သွားရန် စီစဉ်လျက်ရှိသည်။

“မြို့ကဆရာတော်ကြီးတွေကလည်း မိန့်ကြားသွားပါတယ်၊ ၀ါမ၀င်ခင်ဈာပနအပြီးလုပ်ကြပါပေါ့၊ အစည်းအဝေးနဲ့တိုင်ပင်ဆွေးနွေးပြီး ဈာပနကျင်းပမယ့် ရက် ကြေညာပေးသွားပါမယ်” ဟု ဆရာတော့်တပည့်ရင်းဖြစ်သူဦးတင်သောင်းကပြောသည်။

ဆရာတော်အသတ်ခံရမှုနှင့်ပတ်သက်၍ အင်တာနက်စာမျက်နှာတစ်ချို့တွင် ဘာသာရေးပဋိပက္ခဖြစ်စေရန် ရည်ရွယ်ရေးသားခြင်းတို့ရှိနေပြီး ထိုကိစ္စနှင့် ပတ်သက်၍လည်း မမှန်သတင်းမဖြန့်ကြရန် မျက်မြင်သိရှိသူ စဥ့်ကူးမြို့နယ်တာဝန်ရှိပုဂ္ဂိုလ်အသိုင်းအ၀ိုင်းက သတိပေးပြောဆိုထားသည်။

“ရဲစခန်းမှာနှစ်ယောက်ဖမ်းထားကတည်းက ကျွန်တော်တို့ရှိနေတယ်၊ ဘာလူမျိုးခြားမှမဟုတ်ပါဘူး၊ ရဲစခန်းကိုဝိုင်းထားတယ်လို့ဖွတာတစ်ချို့လည်း တွေ့ရတယ်၊ ဒုတ်ဓားလက်နက်တွေကိုင်လာတယ်၊ ချတော့မယ်ဆိုပြီး ရေးနေကြတာဖတ်ရတယ်၊ တကယ်မဟုတ်ပါဘူး၊ အထူးသဖြင့် လူမျိုးရေးပြဿ နာဖြစ်အောင် မဖွကြဖို့ပြောချင်ပါတယ်” ဟု လုံခြုံရေးဆိုင်ရာ တာ၉န်ရှိသူတစ်ဦးကပြောသည်။

လက်ရှိအခြေအနေတွင် မြို့တည်ငြိမ်အေးချမ်းနေကြောင်းသိရပြီး ဆရာတော့ဈာပနကျင်းပနိုင်ရေး အစည်းအဝေးလုပ်ပြီး မကြာခင်သတင်းထုတ်ပြန် ကြေညာပေးသွားမှာဖြစ်ကြောင်းသိရသည်။

ကျော်ထွေး
china.com Myanmar
https://www.facebook.com/china.com.mm/
အသတ်ခံရသည့် ဆရာတော်ဘဒ္ဒန္တဥာဏ၀ံသ၏ ဈာပနအခမ်းအနား တစ်လအတွင်း ပြုလုပ်မည်  အသတ်ခံရသည့် ဆရာတော်ဘဒ္ဒန္တဥာဏ၀ံသ၏ ဈာပနအခမ်းအနား တစ်လအတွင်း ပြုလုပ်မည် Reviewed by THITHTOOLWIN on 16:34 Rating: 5
Powered by Blogger.