NLD ပါတီဝင် အမျိုးသမီးရပ်ကွက်အုပ်ချုပ်ရေးမှူး သေနတ်နှင့် ပစ်သတ်ခံရ

ကချင်လွှတ်တော်အမတ်များဖြစ်ကြသည့် ဦးတင့်စိုး ၊ဦးချို (ခ) ဦးခင်မောင်မြင့် ၊ ဦးဒါရှီလဆိုင်းတို့ နှင့် ရပ်ရေးရွာရေးများ တင်ပြဆွေးနွေးနေသည့် မှော်ရှန်ရာအိမ်မှူး မနန္ဒာလှိုင် .....
ဖားကန့်၊ ကချင်ပြည်နယ်၊ ၂၂.၅.၂၀၁၆

ကချင်ပြည်နယ် ဖားကန့် ကျောက်စိမ်းတွင်းဒေသ ဆိမ်မူ (ဆိုင်းတောင်) ကျေးရွာမှာ အမျိုးသမီး ရပ်ကွက် အုပ်ချုပ်ရေးမှူး အား၂၂.၅.၂၀၁၆ နေ့ ညနေ ၅:၀၀ ခန့်တွင် သေနတ်သမား (၂) ဦးမှ နေအိမ်အတွင်း ဝင်ရောက်လာပြီး သေနတ်ဖြင့် ပစ်သတ်ခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူ မိသားစုတွေက ပြောပါတယ် ။

သေဆုံးသူဟာ ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာ မော်ရှန် ရာအိမ်မှူး ဒေါ်နန္ဒာလှိုင်ဖြစ်ပြီး အသက် (၄၀) ခန့်ရှိသည်ဟုလည်း သိရပါတယ် ။ ဆိမ်မူ အုပ်ချုပ်ရေးမှူးရုံးမှ
တာဝန်ရှိသူတစ်ဦးပြောပြတာ ကတော့ “ နန္ဒာလှိုင် ဧည့်ခန်းထဲမှာ ထိုင်နေတဲ့အချိန် လူနှစ်ယောက်ဝင်လာပြီး ဆိုင်ကယ်ပျောက်တာ လာတိုင်တယ် ။ နောက်ထပ် လူတစ်ယောက် ဝင်လာပြီး သေနတ်နဲ့ ကပ်ပစ်သွားတယ် ဒီလောက်ပဲ သိရတယ် ။” ဟု ပြောပါတယ်။

ဖားကန့်မြို့နယ် ရဲစခန်းကို ဆက်သွယ်မေးမြန်းခဲ့ရာ မှော်ရှန်ရာအိမ်မှူး မနန္ဒာလှိုင် သေနတ်နဲါ ပစ်သတ်ခံရသည်မှာ ဟုတ်မှန်ကြောင်းအတည်ပြု ဖြေကြားခဲ့ပါတယ် ။“ သေနတ်နဲ့ ပစ်သတ်တာ ဟုတ်ပါတယ် ။ အကြမ်းဖျင်းစစ်ဆေးချက်တွေအရ သေနတ်ဒဏ်ရာ (၆) ချက်တွေ့ရပါတယ် ။ မနက်ကျမှ အသေးစိတ်စစ်ဆေးမှာပါ ။ ဘယ်အဖွဲ့အစည်းက ပစ်သတ်တယ်ဆိုတာတော့ ပြောလို့မရပါဘူး ” ။လို့
ဖားကန့်မြို့နယ် ရဲစခန်းမှ တာဝန်ကျ ရဲဝန်ထမ်းတစ်ဦးမှ ဖြေကြားခဲ့ပါတယ် ။

မနန္ဒာလှိုင် သေနတ်ဖြင့် ပစ်သတ်ခံရမှု၏ နောက်ကွယ်တွင် သံသယဖြစ်ဖွယ် ပြဿနာများစွာ ရှိနေတယ်လို့လည်း ရွာသားများက ပြောဆို သုံးသပ်နေကြပါတယ် ။ မနန္ဒာလှိုင်ဟာ ဖားကန့်မြို့နယ်၏ တစ်ဦးတည်းသော အမျိုးသမီး ရာအိမ်မှူးတစ်ဦးလည်းဖြစ်ပြီး ၊ ရပ်ရွာအတွင်း တရားမဝင် စွန့်ပစ်မြေစာပစ်သည့် ကိစ္စမျညးတွင် ရွာသားများဘက် က ရှေ့ဆောင်ဖြေ ရှင်းသူ တစ်ဦးဖြစ်ပြီး NLD ပါတီဝင် တစ်ဦး ဖြစ်သည်ဟုလည်း သိရပါသည် ။

သတင်းနှင့် ဓါတ်ပုံ - ဇော်မိုးထက် ( ၂၂.၅.၂၀၁၆)

The Ladies News
https://www.facebook.com/News.TheLadies

NLD ပါတီဝင် အမျိုးသမီးရပ်ကွက်အုပ်ချုပ်ရေးမှူး သေနတ်နှင့် ပစ်သတ်ခံရ  NLD ပါတီဝင် အမျိုးသမီးရပ်ကွက်အုပ်ချုပ်ရေးမှူး သေနတ်နှင့် ပစ်သတ်ခံရ Reviewed by THITHTOOLWIN on 11:10 Rating: 5
Powered by Blogger.