မြောက်ဦးမြို့နယ်တွင် အသက် (၁၂) နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး အသတ်ခံရ

ဓါတ်ပုံ - Mrauk oo news
နိရဉ္စရာ၊ မေ ၁၈

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ကုတိုးကျေးရွာတွင် မေလ ၁၇ ရက် ညဥ့်တွင် အသက် (၁၂) အရွယ် အမျိုးသမီးငယ် တစ်ဦး အသတ်ခံရပြီးနောက် ချောင်းထဲ ပစ်ချခံခဲ့ရသည်ဟု သတင်းရရှိသည်။

အသတ်ခံရသည့် အမျိုးသမီးငယ်မှာ ဦးဌေးဌေးဝင်း၏ သမီး မဆန်းဝင်းသိန်း အသက် (၁၂) နှစ် ဖြစ်ကြောင်း၊ ပြစ်မှု ကျူးလွန်သူဟု သံသယရှိသူ ကိုဇော်ဝင်းဌေး (၂၆) နှစ်ကို ဖမ်းဆီးထားကြောင်း မြောက်ဦးမြို့နယ် ရဲစခန်းမှ ဒုရဲမှူးကျော်မြ၀င်းက နိရဉ္စရာသတင်းဌာနသို့ အတည်ပြုပြောကြားသည်။

“မနေ့က ၁၇ ရက်နေ့ည ၈ နာရီကျော်လောက်က ရွာမှာ ကလေးတွေ က ဆော့ကြတယ်ဗျာ။ ဆော့ပြီးတော့မှ အခုသေဆုံးသွားတဲ့ ကောင်မလေးနဲ့ သူငယ်ချင်းနှစ်ယောက်က ရေကန်ပေါ်မှာ ထိုင်နေတာကို ကိုဇော်ဝင်းဌေး က ရောက်လာပြီးတော့ ကလေးမတွေကို လက်ဖက်သုပ် သွားကျွေးတယ်။ သူ့အဖေါ်နှစ်ယောက် အိမ်ပြန်သွားပေမယ့် မဆန်းဝင်းသိန်းနဲ့ တရားခံ ဇော်ဝင်းဌေးတို့ ကျန်ရစ်ခဲ့ပြီးတော့ ဘုန်းကြီးကျောင်းမှာ ခရေပန်း သွားကောက်ကြတယ်။ တရားခံက ဘာစိတ်ကူးပေါက်လဲတော့ မသိဘူးဗျာ။ လည်ပင်း ညှစ်သတ်ပြီးတော့မှ ချောင်းထဲကို ပစ်ချတယ်” ဟု ဒုရဲမှူး ကျော်မြ၀င်းက ပြောသည်။

ပြစ်မှုကျူးလွန်သူကို ကုတိုးရွာထဲတွင်ပင် ၄ နာရီအတွင်း ဖမ်းဆီးနိုင်ခဲ့ပြီး ပုဒ်မ ၃၀၂ (ပ) ၆၈/၂၀၁၆ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

သတ်ဖြတ်ရခြင်း အကြောင်းအရင်းကို စစ်ဆေးနေတုန်းဖြစ်၍ မသိရှိရသေးကြောင်း ဒုရဲမှူးက ပြောသည်။

စံမောင်သန်း၊ စစ်တွေ
Narinjara
https://www.facebook.com/Narinjara
မြောက်ဦးမြို့နယ်တွင် အသက် (၁၂) နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး အသတ်ခံရ  မြောက်ဦးမြို့နယ်တွင် အသက် (၁၂) နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး အသတ်ခံရ Reviewed by THITHTOOLWIN on 07:21 Rating: 5
Powered by Blogger.