သူငယ်ချင်း ရဲ့ ဇနီးကို မုဒိန်းကျင့်ဘို့  ကြိုးစားသူ လျှာကိုက်ခံရ


22May2016

ထိုင်းနိုင်ငံ အူဒေါင်ဌာနီ မှာ အိမ်ခန်းအတွင်း တဦးတည်း အိပ်နေတဲ့ ထိုင်းအမျိုးသမီးတဦး ကို ထိုင်းအမျိုးသားတဦးကအတင်း အဓမ္မကျင့် ဘို့  ကြိုးစားခဲ့ကြောင်း သိရပါတယ်။

အဆိုပါ တရားခံ ၀မ်လွတ် ဆိုသူမှာ အခန်းကို ၀င်ထွက်သွားလာနေသူ ခင်ပွန်းဖြစ်သူ အမျိုးသားရဲ့  သောက်ဖေါ်သောက်ဖက် သူငယ်ချင်းဖြစ်ပါတယ်။ သူမဗိုက်အောင့်နေတာကို အမျိုးသားက ဆေးသွားဝယ်ဘို့  ထွက်သွားတဲ့ အချိန်မှာ တရားခံက အခန်းထဲဝင်လာခဲ့တာပါ၊ အမျိုးသမီးကို အတင်းချုပ်ပြီး ပါးစပ်ကိုနမ်းနေစဉ်မှာ အမျိုးသမီးက တရားခံဝမ်လွတ်ရဲ့  လျှာကို အမိအရ ကိုက်လိုက်ပါတယ်။


အားနဲ့ ကိုက်မိသွားတဲ့အတွက် တရားခံဟာ ဆက်လုပ်လို့  မရတော့ဘဲ ထွက်ပြေးသွားခဲ့ပါတယ်၊အမျိုးသမီးရဲ့ ခင်ပွန်းသည်ဟာဗိုက်အောင့် ပျောက်ဆေး သွားဝယ်ရင်း အရက်ဝိုင်းမှာ တရားခံနဲ့ အတူသောက်နေတုံး အရက်ဝိုင်းကနေ သူငယ်ချင်း ဆိုင်ကယ်ကို ယူစီးပြီး ဇနီးဖြစ်သူ ကို လာ မုဒိန်းကျင့်တာဖြစ်ပါတယ်။

တရားခံဟာ လျှာမှာဒဏ်ရာရပြီး ထွက်ပြေးတိမ်းရှောင်နေတာကို ရဲတွေက လိုက်လံဖမ်းဆီးနိုင်ခဲ့ပါတယ်။
တရားခံက သူငယ်ချင်းရဲ့  ဇနီးကို တဖက်သတ် ကြိုက်နေတာကြာပြီဖြစ်လို့  ခုလို ကျူးလွန်မိခဲ့ကြောင်းဝန်ခံခဲ့ပါတယ်။

SAW
Credit Khaosod
Social Action for Women - SAW
သူငယ်ချင်း ရဲ့ ဇနီးကို မုဒိန်းကျင့်ဘို့  ကြိုးစားသူ လျှာကိုက်ခံရ  သူငယ်ချင်း ရဲ့ ဇနီးကို မုဒိန်းကျင့်ဘို့  ကြိုးစားသူ လျှာကိုက်ခံရ Reviewed by THITHTOOLWIN on 19:58 Rating: 5
Powered by Blogger.