ခွေးကိုခဲနဲ့ထုသူအား ခွေးပိုင်ရှင်က ဓါးနဲ့ခုတ်သတ်လိုက်သတဲ့


ရန်ကုန် မေ ၁၄

ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် ရေသိုးကျေးရွာတွင် မေလ ၁၂ ရက် ည ၈ နာရီခန့်က ခွေးကို ခဲဖြင့်ထုခဲ့သော အသက် ၃၈ နှစ်အရွယ် အမျိုးသားကို ခွေးပိုင်ရှင်က ဓားဖြင့် ခုတ်သတ်ခဲ့ကြောင်း ယင်းမြို့နယ် ရဲစခန်းထံမှ သိရသည်။

ဓားဖြင့် ခုတ်သတ်ခံရသူမှာ ယင်းကျေးရွာနေ ဦးမင်းမင်းအောင်ဖြစ်ပြီး ယင်းညက ၎င်း၏ နေအိမ်သို့ ပြန်လာစဉ် အနောက်မှ ခွေးတစ်ကောင်က လိုက်ဟောင်နေသဖြင့် ခဲဖြင့် ထုခဲ့ရာမှ ခွေးပိုင်ရှင်နှင့် စကားများ ရန်ဖြစ်ခဲ့ကြောင်း၊ ခွေးပိုင်ရှင်မှာ ဦးမင်းမင်းအောင်နောက်သို့ လိုက်ကာ ဓားရှည်ဖြင့် လိုက်လံခုတ်ခဲ့သောကြောင့် ဦးမင်းမင်းအောင်မှာ ပြတ်ရှဒဏ်ရာများဖြင့် ရွာလယ်လမ်းတွင် လဲကျသေဆုံးခဲ့ကြောင်း မှော်ဘီမြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

လူသတ်မှု ကျူးလွန်ခဲ့သူကို မှော်ဘီမြို့မ ရဲစခန်းက ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် စုံစမ်းဆောင်ရွက်နေကြောင်း ရန်ကုန်မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့ထံမှ သိရသည်။

နိုင်ငံတော် မှတ်ကြီး (facebook)

ခွေးကိုခဲနဲ့ထုသူအား ခွေးပိုင်ရှင်က ဓါးနဲ့ခုတ်သတ်လိုက်သတဲ့  ခွေးကိုခဲနဲ့ထုသူအား ခွေးပိုင်ရှင်က ဓါးနဲ့ခုတ်သတ်လိုက်သတဲ့ Reviewed by THITHTOOLWIN on 10:09 Rating: 5
Powered by Blogger.