(စစ်တွေမြို့ ဆတ်ရိုးကျ ဆိပ်ကမ်းကို ယနေ့ မြင်တွေ့ရစဉ်) |
မုန်တိုင်းကြောင့် ရခိုင်ပြည်နယ် ကမ်းရိုးတန်းသွား သင်္ဘောများ၊ အမြန်ရေယာဉ်များ ပြေးဆွဲမှုကို ရပ်ဆိုင်းလိုက်ပြီဟု သိရသည်။
ရွှေပြည်တန် အမြန်ယာဉ်အား ယနေ့ မေလ ၂၀ ရက်နေ့က စပြီး ရပ်နားလိုက်ပြီ ဖြစ်ကြောင်း မာန်နေဂျာ ဦးစံမော်သိန်းက နိရဉ္စရာသို့ ပြောသည်။
“ ရေယာဉ်တွေ မထွက်ရဘူးလို့ ညွှန်ကြားချက် ထုတ်တာတော့ မရှိပါဘူး။ ဒါပေမယ့် ရေကြောင်း ဦးစီးကတော့ သတိပေးမှုတွေ ရှိတယ်။ ဒီကနေ့ စပြီး ကျွန်တော်တို့ ရွှေပြည်တန် အမြန်ယာဉ် ပြေးဆွဲမှုကို ရပ်နားထားလိုက်ပါတယ်။ ရာသီဥတုပြန်ကောင်းမှ ပြေးဆွဲမှာ ဖြစ်ပါတယ်” ဟု သူက ဆိုသည်။
(စစ်တွေမြို့ ဆတ်ရိုးကျ ဆိပ်ကမ်းကို ယနေ့ မြင်တွေ့ရစဉ်) |
ယနေ့နံနက်က မလိခ အမြန်ယာဉ် တစ်စီး ယနေ့နံနက် ပေါက်တောမြို့မှ စစ်တွေသို့ အ၀င်ရှိပြီးနောက် တစ်ခြား ခရီးစဉ်များ အားလုံးကို ယနေ့ နေ့လယ်က စပြီး မလိခ အနေဖြင့် ရပ်နားတော့မည်ဟု မိလခ ဆိပ်ကမ်းတာဝန်ခံ ခင်မောင်သိန်းက ပြောဆိုသည်။
(စစ်တွေမြို့ ဆတ်ရိုးကျ ဆိပ်ကမ်းကို ယနေ့ မြင်တွေ့ရစဉ်) |
ရခိုင်ပြည်နယ် အတွင်း မုန်တိုင်း အရှိန်ကြောင့် လေပြင်းတိုက်ခတ်မှုများနှင့် မိုးအဆက်မပြတ်ရွာသွန်းနေပြီး အများပြည်သူများမှာ မုန်တိုင်း အခြေအနေကို စောင့်ကြည့်နေကြသည်ဟု သိရသည်။
ရွှေရအောင် (တောင်ကုတ်)
Narinjara
https://www.facebook.com/Narinjara
မုန်တိုင်းကြောင့် ရခိုင်တွင် ရေယာဉ်များ သွားလာမှု ရပ်ဆိုင်း
Reviewed by THITHTOOLWIN
on
16:48
Rating: