ပန်းဆိုးတန်းတွင် ယာဉ်တိုက်မှုဖြစ်ပွား အတိုက်ခံရသည့်ယာဉ်မှ နိုင်ငံခြားသား ယာဉ်မောင်းထွက်ပြေး


မေ ၁၁ ည ၇ နာရီခန့်က ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းအလယ်ဘလောက်တွင် ယာဉ်နှစ်စီး တိုက်မှုဖြစ်ပွားခဲ့ရာ အတိုက်ခံရသည့်ယာဉ်မောင်း နိုင်ငံခြားသားတဦးမှာ ယာဉ်တိုက်မှုဖြစ်ပွားအပြီး မကြာမီ ထွက်ပြေးသွားခဲ့သည်ဟု မျက်မြင်သက်သေများက ဆိုသည်။

ဖြစ်စဉ်တွင် နိုင်ငံခြားသားတဦး မောင်းနှင်လာသည့်ယာဉ်အား အငှားယာဉ်တစီးက နောက်မှတိုက်မှုဖြစ်ပွား ခဲ့သည်။ ယင်းသို့ တိုက်မှုဖြစ်ပွားခြင်း၌ နိုင်ငံခြားသားယာဉ်မောင်းက အငှားယာဉ်မောင်း၏ ယာဉ်မောင်းလိုင်စင် တောင်းယူခြင်း၊ ပတ်ဝန်းကျင်မှ ကြည့်ရှုသူများအား ဆဲဆိုခြင်းပြုလုပ်သဖြင့် စကားအနည်းငယ်များခဲ့ကြသည် ဟု မျက်မြင်သက်သေများက ဆိုသည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal



ပန်းဆိုးတန်းတွင် ယာဉ်တိုက်မှုဖြစ်ပွား အတိုက်ခံရသည့်ယာဉ်မှ နိုင်ငံခြားသား ယာဉ်မောင်းထွက်ပြေး  ပန်းဆိုးတန်းတွင် ယာဉ်တိုက်မှုဖြစ်ပွား အတိုက်ခံရသည့်ယာဉ်မှ နိုင်ငံခြားသား ယာဉ်မောင်းထွက်ပြေး Reviewed by THITHTOOLWIN on 21:20 Rating: 5
Powered by Blogger.