ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ ကားမှောက်


နေပြည်တော် မေ ၂၂

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင် (၂၄၈/ ၆)နှင့် (၂၄၈/ ၇)ကြားတွင် ယနေ့ ညနေ ၃ နာရီ ၁ဝ မိနစ်တွင် ယာဉ်မဆင်မခြင်မောင်းနှင်မှုကြောင့် ယာဉ် တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါယာဉ်သည် ရန်ကုန်မှ မန္တလေးဘက်သို့ ယာဉ်မောင်း အောင်ဝင်း မောင်းနှင်လာသည့် HIGH JET အမျိုးအစား 5J/------- ဖြစ်ပြီး ယာဉ်မောင်း အပါအဝင် အမျိုးသမီးတစ်ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ ကားမှောက်  ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ ကားမှောက် Reviewed by THITHTOOLWIN on 10:40 Rating: 5
Powered by Blogger.