နေပြည်တော် မေ ၂၇
တရားဥပဒေစိုးမိုးရေးနှင့် မှုခင်းကျဆင်းရေးအတွက် မေ ၂၅ ရက် ည ၁ဝ နာရီက နေပြည်တော်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူး ခင်မောင်ဦးစီးသောအဖွဲ့နှင့် ပုဗ္ဗသီရိမြို့နယ် ပတ္တာနယ်မြေစခန်း မှူး ရဲအုပ်အောင်မျိုးလွင်နှင့်အဖွဲ့သည် ပျဉ်းမနားမြို့ ရွာကောက် ရပ်ကွက် ပန်းခင်းမီးပွိုင့်အနီး၌ ရောက်ရှိစဉ် ရွာကောက်ရပ်ကွက် အတွင်းနေထိုင်သော ကျော်စိုးနိုင်ပါ နှစ်ဦးထံမှ ပန်းခင်းမီးပွိုင့် ဘက်မှ ဆိုင်ကယ်သုံးစီးဖြင့်လာသည့် အမျိုးသားလူငယ်လေးဦး က ဓားထောက်ပြီး ဆိုင်ကယ်နှင့် ဖုန်းတို့ကို လုယူသွားကြောင်း သိရသဖြင့် ဖမ်းဆီးဖော်ထုတ်ခဲ့သည်။
အဆိုပါ ပူးပေါင်းအဖွဲ့သည် သတင်းရလျှင်ရချင်း လိုက်လံ ဖမ်းဆီးရာ ချမ်းငြိမ်း(ခ) ငြိမ်းချမ်းဇော်၊ စိုးဝင်းသူပါ လေးဦးတို့ အား ဖမ်းဆီးရမိခဲ့ကြောင်း၊ ၄င်းတို့ လေးဦးကို ဆက်လက်စစ်ဆေး မေးမြန်းရာ လွန်ခဲ့သော သုံးလခန့်က ဥတ္တရသီရိမြို့နယ် ဖိုးစောင်းတောင်တက်သည့်လမ်းဘေး၌ အရက်ထိုင်သောက် နေသည့် လူနှစ်ဦးထံမှ စိုးဝင်းသူ၊ ငြိမ်းချမ်းဇော်တို့ဦးဆောင်၍ ဆိုင်ကယ်လော့ဂျာတစ်စီး၊ ဖုန်းနှစ်လုံး၊ ငွေကျပ် ၃၅ဝဝဝ လုယက် မှုအားလည်းကောင်း၊ စိုးဝင်းသူ၊ ငြိမ်းချမ်းဇော်၊ သန်းထက်စိုး တို့သည် ဒက္ခိဏသီရိမြို့နယ် ဆိုင်ကယ်သွားလမ်းဘေး၌ လူနှစ်ဦး ထံမှ ငွေကျပ် ၂ဝဝဝ နှင့် ဆိုင်ကယ်တစ်စီး လုယက်မှုအား လည်းကောင်း၊ ဇမ္ဗူသီရိမြို့နယ် မင်္ဂလာသိဒ္ဓိရပ်ကွက် ကံ့ကော် အိမ်ရာရှေ့၌ အမျိုးသားတစ်ဦးထံမှ မေ ၂၁ ရက် မွန်းလွဲ ၁ နာရီက ရွှေဆွဲကြိုးတစ်ကုံး၊ လက်စွပ်တစ်ကွင်း၊ လက်ကိုင်ဖုန်း တစ်လုံးတို့အား လုယက်မှုတို့ကို ဆက်လက်ဖော်ထုတ်နိုင်ခဲ့၍ လုယက်မှုကျူးလွန်ခဲ့သည့် စိုးဝင်းသူ၊ ငြိမ်းချမ်းဇော်၊ စန်းကို၊ ဘောဘော(ခ) အောင်ကြီးတို့အား ဥပဒေအရ အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။
ဇော်မျိုးနိုင်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
အုပ်စုဖွဲ့လုယက်သူများကို ရဲတပ်ဖွဲ့ ဖော်ထုတ်ဖမ်းဆီး
Reviewed by THITHTOOLWIN
on
10:18
Rating: