တာလီဘန် ခေါင်းဆောင် မန်ဆာ သေဆုံးကြောင်း အိုဘားမား အတည်ပြု

တာလီဘန် ခေါင်းဆောင် မူလာ အက်ခ်တာ မိုဟာမက် မန်ဆာအား တွေ့ရစဉ် (ဆင်ဟွာ)
    ဟနွိုင်း၊ မေ ၂၃ ရက် (ဆင်ဟွာ)

    ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့သို့ ရောက်ရှိနေသည့် အမေရိကန် သမ္မတ ဘားရတ် အိုဘားမားက အာဖဂန် တာလီဘန် ခေါင်းဆောင် မူလာ အက်ခ်တာ မိုဟာမက် မန်ဆာ သေဆုံးသွားပြီ ဖြစ်ကြောင်း ကြေညာချက် တစ်စောင်၌ အတည်ပြု ပြောကြားလိုက်သည်။

Balochistan ပြည်နယ် Quetta မြို့ ၏ အနောက်တောင်ဖက် ၁၅ဝ ကီလိုမီတာအကွာရှိ Ahmad Wak မြို့ငယ် လေး၌ မေလ ၂၂ ရက်နံနက် ၃း၀၀ နာရီခန့်တွင် မူလာ နှင့် ၄င်း၏ တပ်ဖွဲ့ ဝင်များ လိုက်ပါလာသည့် ကားတစ်စီးကို အမေရိကန် မောင်းသူမဲ့ လေယာဉ်ပေါ်မှ ပစ်ခတ်လိုက်သည့် ဒုံးကျည် နှစ်စင်း ထိမှန်ခဲ့ကြောင်း ARY ရုပ်မြင် သံကြားက မေလ ၂၂ ရက်တွင် သတင်း ထုတ်လွှင့်ခဲ့သည်။

သို့သော်လည်း မူလာမန်ဆာ သေဆုံးခြင်းအပေါ် တာလီဘန်တို့ဘက်က ငြင်းဆိုထားကြောင်း ပင်လယ်ကွေ့  ဒေသ အခြေစိုက် ရုပ်မြင်သံကြား သတင်းဌာန တစ်ခုက သတင်းဖော်ပြခဲ့သည်။

မူလာ မန်ဆာအား ၁၉၆ဝ ပြည့်လွန်နှစ်များတွင် မွေးဖွားခဲ့ပြီး အာဖဂန် နစ္စတန်နိုင်ငံရှိ တာလီဘန် ထိပ်တန်း ခေါင်းဆောင် မူလာအိုမာ သေဆုံးခဲ့သည့် ၂ဝ၁၅ ခုနှစ် ဇူလိုင်လ ၃ဝ ရက် မှ စတင်ကာ ၄င်း၏ အနီးကပ်ဆုံး လူယုံ ဖြစ်သူ မူလာမန်ဆာသည် တာလီဘန် ထိပ်တန်းခေါင်းဆောင် အဖြစ် တရားဝင် ရွေးချယ် တင်မြှောက်ခြင်း ခံခဲ့ရသူ ဖြစ်သည်။

(Xinhua)
http://www.xinhuamyanmar.com/
တာလီဘန် ခေါင်းဆောင် မန်ဆာ သေဆုံးကြောင်း အိုဘားမား အတည်ပြု  တာလီဘန် ခေါင်းဆောင် မန်ဆာ သေဆုံးကြောင်း အိုဘားမား အတည်ပြု Reviewed by THITHTOOLWIN on 18:46 Rating: 5
Powered by Blogger.