မြေညီထပ် အဖီဆွဲ ၊ တိုးချဲ့နေရာယူထားသူများအား ပညာပေးမှုများစတင်နေ


 မြေညီထပ်၊ အောက်ထပ်များအနေဖြင့် အများပြည်သူပိုင် လမ်းမပေါ် ပလက်ဖောင်းပေါ်၊ အများပြည်သူ ကားထားရမည့်နေရာကို ဆိုင်ဖွင့်ရန်အတွက် အဖီဆွဲထုတ်ခြင်းမျိုး မပြုလုပ်သင့်ကြောင်း၊ ထိုသို့မပြုလုပ်ရန် အတွက်လည်း ပညာပေးမှု စတင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မေလ ၂၅ ရက်တွင် မီဒီယာများနှင့် တွေ့ဆုံစဉ်ပြောဆိုလိုက်သည်။

“အများပြည်သူ လမ်းမပေါ် ပလက်ဖောင်းပေါ် ကျူးကျော်နေရင် ဖြစ်ဖြစ်၊ မိမိနေထိုင်တာဟာ အများပြည်သူ ကားထားရမည့်နေရာကို ကိုယ်ကဆိုင်ဖွင့်ဖို့အတွက် အဖီဆွဲထုတ်လိုက်တာပဲ ဖြစ်ဖြစ် ဒါမျိုးတွေဟာ မပြုလုပ်သင့်ပါဘူး။ မပြုလုပ်ဖို့အတွက်လည်း ပညာပေးမှု စတင်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ဦးဖြိုးမင်းသိန်းကပြောသည်။

မိမိပိုင်ဆိုင်သည့် နယ်နိမိတ်စည်းမှ စည်ပင်သာယာနယ်နမိတ်၊ အခြားအများပြည်သူ ပိုင်ဆိုင်သည့် နယ်မြေများ ထဲသို့ ကျူးကျော်မှုများအတွက် တည်ဆဲဥပဒေများ ရှိပြီးသားဖြစ်ကြောင်း ၊ ရှိပြီးသား စည်းမျဉ်းစည်းကမ်း ဥပဒေကို လိုက်နာရမည့် စံနှုန်းများ ပျက်ပြားသွားခဲ့သည်ဟုလည်း ၎င်းကဆိုသည်။

“ချိုးဖောက်ရင်း ချိုးဖောက်ရင်းကိုယ့်ကိုယ်ကိုယ် အမှန်လို့ထင်လာပါတယ်။ ဒါလုပ်လို့ရတယ် ဒီအတိုင်းနေလို့ရတယ်။ ဒီပြသ၁နာဟာ နောင်လူတွေအတွက် လိုက်လုပ်စရာ ဖြစ်လာပါလိမ့်မယ် ။ ကျွန်တော်တို့ရဲ့ နယ်မြေတိုင်းနယ်မြေတိုင်း မြေတိုင်းမြေတိုင်းမှာ ဥပဒေတွေရှိပါတယ်။ ဘာကြောင့်လဲဆို ဒီဥပဒေတွေ ခုမှထုတ်ထားတဲ့ ဥပဒေ မဟုတ်ပါဘူး။ ကာလကြာရှည်စွာ ရှိခဲ့တာဖြစ်ပါတယ်။ ဥပဒေစိုးမိုးမှု အားနည်းခဲ့ပါတယ်။ ဒီဥပဒေစိုးမိုးမှုဟာ ဘယ်လိုအခြေအနေမျိုးကို ကြုံရနိုင်လဲဆို ဖိနှိပ်တဲ့အစိုးရမျိုးကို ကြုံသွားနိုင်ပါတယ်” ဟုလည်း ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောသည်။

ထို့အတူ ဥပဒေအတိုင်း နေထိုင်ပါက မည်သူကမှ ကိုယ့်အခွင့်အရေးကို မကျော်နင်းနိုင်ကြောင်း လူသားတိုင်းတွင် မွေးရာပါ အခွင့်အရေးများရှိပြီး ၊ လူအခွင့်အရေး ၊ ဒီမိုကရေစီ Right များရှိကြောင်း၊ ကိုယ့်အခွင့်အလမ်းကို စနစ်တကျ ရင်ဆိုင်ရန်အတွက် အားလုံးသည် ဥပဒေအောက်တွင် နေကြရမည်ဖြစ်သည်ဟုလည်း ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ဆက်လက်ပြောကြားခဲ့သည်။

ဇော်မင်းထွန်း
The Ladies News
https://www.facebook.com/News.TheLadies
မြေညီထပ် အဖီဆွဲ ၊ တိုးချဲ့နေရာယူထားသူများအား ပညာပေးမှုများစတင်နေ   မြေညီထပ် အဖီဆွဲ ၊ တိုးချဲ့နေရာယူထားသူများအား ပညာပေးမှုများစတင်နေ Reviewed by THITHTOOLWIN on 18:22 Rating: 5
Powered by Blogger.