နေအိမ်အတွင်း ၀င်ရောက် ခိုအောင်းနေသည့် သူခိုးကို ရက်တစ်ရာ စီမံချက် လှည့်ကင်းရဲများက ဖမ်းဆီး


မုံရွာ၊ မေ ၂၀

စစ်ကိုင်းတိုင်းဒေသကြီး ၊ မုံရွာမြို့၊ ဘုန်းစိုးရပ်ကွက်၊ ဒေါနလမ်းရှိ လူနေအိမ်တိုက်တစ်လုံးအတွင်း၌ ၀င်ရောက်ခိုအောင်းနေသည့် သူခိုးတစ်ယောက်ကို ရက်တစ်ရာစီမံချက် လှည့်ကင်းရဲများက မေ ၂၀ ရက် မနက် ၁ နာရီအချိန်ခန့် ဖမ်းဆီးခဲ့ကြောင်း မုံရွာနယ်မြေရဲစခန်းမှူး ရဲအုပ် ရဲအောင်ထံမှ သိရသည်။
`` အိမ်ရှင်တွေရဲ့ပြောပြချက်များအရတော့ သူခိုးက အဲ့ဒိနေအိမ်တိုက်ရဲ့ အိပ်ခန်းထဲမှာ ခိုအောင်းနေတာဖြစ်ပါတယ် …´´ ရဲစခန်းမှူးက ဆက်လက်၍ ပြောသည်။


အဆိုပါ နေအိမ်ပိုင်ရှင် လူငယ်တစ်ဦးသည် ၎င်း၏ နေအိမ်အတွင်းသို့ရောက်ရှိစဉ် အိမ်အတွင်းရှိ ဆိုင်ကလုန် ဆိုင်ကယ် အ၀ါရောင်မှာ ဓာတ်ဆီအနံ့များ ထွက်ရှိသေည့်အတွက် မသင်္ကာသဖြင့် စစ်ဆေးကြည့်ရှု့ရာ ၎င်း ဆိုင်ကယ်အနီးတွင် ကပ်ကြေးတွေ့ရှိရသဖြင့် နေအိမ်အတွင်းသို့ လူစိမ်းဝင်ရောက်နေပြီဟု ထင်မြင်ယူဆကာ နေအိမ်အိပ်ခန်းများကို လိုက်လံစစ်ဆေးစဉ် အိပ်အတွင်း၌ ၀င်ရောက်ခိုအောင်းနေသည့် သူခိုးတစ်ယောက်အား တွေ့ရှိရသဖြင့် ရဲစခန်းမှူးထံ ဖုန်းဆက်အကြောင်းကြားခဲ့ခြင်းဖြစ်သည်။


ထို့ကြောင့် ပေ(၈၀)လမ်းနှင့် ဗန္ဒုလလမ်းဆုံနေရာတွင် ရက်တစ်ရာ စီမံချက်များအရ ယာဉ်များအား ရပ်တန့်စစ်ဆေးဆောင်ရွက်နေသည့် ရဲအုပ် ရဲအောင်နှင့်အဖွဲ့က သွားရောက်၍ ၎င်း သူခိုးအား ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ထိုကဲသို့ အလားတူ ဖြစ်စဉ်တစ်ရပ်အား လွန်ခဲ့သော ခြောက်လကျော်ခန့် (၁၈.၁၁.၂၀၁၅) ရက်နေ့က မုံရွာနယ်မြေရဲစခန်းမှူး ရဲအုပ် သိန်းဆွေ လက်ထက်တွင် မုံရွာမြို့ သလ္လာအမှတ်(၁)ရပ်ကွက်၊ ပေ(၈၀)လမ်းနှင့် သီတာအေးလမ်းဆုံနေရာရှိ နေအိမ်တိုက်ပိုင်ရှင် ဒေါ်သန်းသန်း၏ နေအိမ်တွင် ရွှေထည်ပစ္စည်းမျိုးစုံ (၂၆)ကျပ်သားနှင့် ငွေကျပ် တစ်ဆယ့်နှစ်သိန်းအား ခိုးယူခံခဲ့ရသည်။ ၎င်း ဖြစ်စဉ်တွင် နေအိမ်တိုက်အတွင်းမှ လူငယ်တစ်ဦးကို လက်ရ ဖမ်းဆီးရရှိခဲ့သော်လည်း ခြောက်လကျော် ကြာပြိဖြစ်သော်လည်း ယနေ့အထိတိုင် တရားစွဲဆိုင်နိုင်ခြင်းမရှိသေးကြောင်း အဆိုပါ ကာယကံရှင်များထံက သိရသည်။

ကိုတိုးကြီး
သတင်း + ဓာတ်ပုံ = ကိုတိုးကြီး
https://www.facebook.com/KoToeChinDween
နေအိမ်အတွင်း ၀င်ရောက် ခိုအောင်းနေသည့် သူခိုးကို ရက်တစ်ရာ စီမံချက် လှည့်ကင်းရဲများက ဖမ်းဆီး  နေအိမ်အတွင်း ၀င်ရောက် ခိုအောင်းနေသည့် သူခိုးကို ရက်တစ်ရာ စီမံချက် လှည့်ကင်းရဲများက ဖမ်းဆီး Reviewed by THITHTOOLWIN on 21:11 Rating: 5
Powered by Blogger.