(၃၅)ပေအမြင့်ရှိသည့် သစ်ပင်တက်၍ မိမိကိုယ်ကို ကြိုးဆွဲချသေဆုံးမှုဖြစ်ပွား


ဘားအံ မေ ၅

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ကော့တရုတ်ရကျေးရွာတွင် အမျိုးသားတစ်ဦး သစ်ပင်အမြင့်တွင် မိမိကိုယ်ကိုကြိုးဆွဲချသေဆုံးမှု ဖြစ်ပွားခဲ့ရာ ဘားအံမြို့နယ်၊ ထုံးအိုင်နယ်မြေရဲစခန်းမှူး ရဲအုပ်ညီညီမိုး နှင့်အဖွဲ့မှ အခင်းဖြစ်နေရာသို့ သွားရောက်စစ်ဆေးခဲ့ ကြောင်းသိရသည်။

ဖြစ်စဉ်မှာ ၅-၅-၂၀၁၆ရက်နေ့ နံနက်(၉)နာရီအချိန်တွင် ကော့တရုတ်ရကျေးရွာအတွင်း လူမနေသည့် ခြံဝင်းအတွင်းရှိ အနန်းပင်၌ အမြင့်(၃၅)ပေခန့်အကွာ သစ်ကိုင်းတစ်ခုအား လုံးပတ်(၁)လက်မခန့်အရွယ်အစိမ်းရောင်နိုင်လွန်ကြိုးဖြင့် ကြိုးဆွဲချကာ သေဆုံးနေသည့် အမျိုးသား အလောင်းတစ်လောင်းအား တွေ့ရှိရသဖြင့် စခန်းမှူးရဲအုပ်ညီညီမိုးနှင့်အဖွဲ့မှာ အလောင်းအား ခက်ခက်ခဲခဲမြေပြင်သို့ချ၍ စစ်ဆေးရာ သေဆုံးသူမှာ အောင်ဆန်းဦး၊ ၄၂နှစ်၊ (ဘ)ဦးဝင်းသန်း၊ ကော့တရုတ်ရကျေးရွာနေသူ ဖြစ်ကြောင်း သိရပြီး သေဆုံးသူမှာ ပြင်ပဒဏ်ရာမတွေရဘဲ မျက်လုံးပြူး၊ သုတ်ရည်ထွက်အနေထားဖြင့် သေဆုံးသည်ကို စစ်ဆေးတွေ့ရှိကာ
အလောင်းအား ဘားအံဆေးရုံကြီးသို့ ရဲဆေးစာဖြင့် ပို့ဆောင်ပေးခဲ့သည်။

ဖြစ်စဉ်အား စုံစမ်းရာ သေဆုံးသူမှာ မိသားစုရှိသော်လည်း ပေါင်းသင်းနေထိုင်ခြင်း မရှိကြောင်း၊ စိတ်ဖောက်ပြန်လေ့ရှိပြီး လွန်ခဲ့သည့် တစ်ပတ်ခန့်ကတည်းက စိတ်ဖောက်ပြန်ပြီး တစ်ဦးတည်းလှည့်လည်သွားလာနေ၍ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များဖြင့် ဝိုင်းဝန်ထိမ်းသိမ်းခဲ့ရကြောင်း စုံစမ်းသိရှိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ အောင်ဆန်းဦးသေဆုံးခြင်းမှာ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ်အသေးစိတ် စုံစမ်းစစ်ဆေးနိုင်ရန်အတွက် ရဲအုပ်ညီညီမိုးမှ ထုံးအိုင်နယ်မြေရဲစခန်းသေမှုသေခင်း အမှတ်စဉ်(၄/၂၀၁၆)ဖြင့် ဖွင့်လှစ်စစ်ဆေးလျက်ရှိကြောင်းသိရသည်။

ဘားအံသတင်း (facebook)

(၃၅)ပေအမြင့်ရှိသည့် သစ်ပင်တက်၍ မိမိကိုယ်ကို ကြိုးဆွဲချသေဆုံးမှုဖြစ်ပွား  (၃၅)ပေအမြင့်ရှိသည့် သစ်ပင်တက်၍ မိမိကိုယ်ကို ကြိုးဆွဲချသေဆုံးမှုဖြစ်ပွား Reviewed by THITHTOOLWIN on 11:09 Rating: 5
Powered by Blogger.