ဖင်ကိုမြွေကိုက်ခံရသူ စိုးရိမ်စရာ အခြေအနေမရှိကြောင်း ဆရာဝန်များ သတင်းထုတ်ပြန်


25May2015

ယနေ့ မနက် (၆)နာရီအချိန်က ထိုင်းနိုင် ချချိုဆောင်း ပြည်နယ်အတွင်း အိမ်သာတက်ရင်း စပါးအုံးမြွေ အကိုက်ခံရသူ အထဖွန် အသက် (၃၈)နှစ် ရဲ့ အခြေအနေနဲ့  ပါတ်သက်ပြီး စိုးရိမ်ဖွယ် မရှိတော့ကြောင်း ချချိုဆောင်း ဆေးရုံ ဆရာဝန် တွေက ထုတ်ပြန်ပြောဆို ခဲ့ပါတယ်။


အရှည်(၉)ပေကျော် စပါးအုံးမြွေတကောင်က ရေလောင်း အိမ် သာခွက် အတွင်း ၀င်ခွေနေခဲ့တာပါ။


အမျိုးသားဖြစ်သူရဲ့  အော်သံကြောင့် ဇနီးက အိမ်သာတခါးဖွင့်ဝင်လိုက်တော့ ဖင်ကိုမြွေက အမိအရကိုက်ထားလို့  တန်းလန်းကြီးဖြစ်နေတာတွေ့ ရလို့ အိမ်နီးချင်းတွေကို အော်ခေါ်ပြီး အကူညီတောင်းခဲ့ရပါတယ်လို့  ဇနီးဖြစ်သူက ပြောပါတယ်။


ခုလောက်ကြီးတဲ့ မြွေဟာ ၀င်ခွေနေမယ်လို့ လုံးဝမထင်ခဲ့တဲ့ အပြင် အိမ်သာတက်တိုင်း အောက်က ခွက်ကို ကြည့်လေ့ မရှိကြောင်း၊"ကျွန်တော်မနက်ပိုင်း အိမ်သာတက်တာ ငါးမိနစ် သာရှိလိမ့်မယ် ဖင်မှာစူး ကနဲ ဖြစ်ပြီး မြွေကြီးက ဖင်မှာကပ်ပါလာ တာပါဘဲ" လို့  မြွေကိုက်ခံရသူ အထဖွန်က ရှင်းပြခဲ့ပါတယ်။

Credit mthai.com
Social Action for Women - SAW
https://www.facebook.com/Social-Action-for-Women-SAW

ဖင်ကိုမြွေကိုက်ခံရသူ စိုးရိမ်စရာ အခြေအနေမရှိကြောင်း ဆရာဝန်များ သတင်းထုတ်ပြန်  ဖင်ကိုမြွေကိုက်ခံရသူ စိုးရိမ်စရာ အခြေအနေမရှိကြောင်း ဆရာဝန်များ သတင်းထုတ်ပြန် Reviewed by THITHTOOLWIN on 17:00 Rating: 5
Powered by Blogger.