AA လက်နက်ကိုင်အဖွဲ့သည် နိုင်ငံတော်နှင့် ဒီမိုကရေစီစနစ်ကို လက်နက်စွဲကိုင် တိုက်ခိုက်ခြင်းသာ ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး ရှင်းလင်း


နေပြည်တော်၊ မေ ၎

ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်လျက်ရှိသော တိုက်ပွဲများသည် AA လက်နက်ကိုင် အဖွဲ့က နိုင်ငံတော်ကို တိုက်ခိုက်နေခြင်းဖြစ်ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းက ပြောသည်။

“အဆိုရှင်နှင့်တကွ လွှတ်တော်ကိုယ်စားလှယ်ကြီးများ ရှု့မြင်ရမည့် အမှန်တရားဟာ AA လက်နက်ကိုင်အဖွဲ့ တိုက်ခိုက်ခြင်းသည် နိုင်ငံတော်ကို လက်နက်စွဲကိုင် တိုက်ခိုက်နေခြင်း ဖြစ်တယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်” ဟု အမျိုးသားလွှတ်တော် ယနေ့ အစည်းအဝေးတွင် ပြောကြားခြင်းဖြစ်သည်။

AA လက်နက်ကိုင်အဖွဲ့အား နိုင်ငံရေးစားပွဲဝိုင်းသို့ ဖိတ်ခေါ်၌ ငြိမ်းချမ်းရေးဆွေးနွေးနိုင်ရန် အရေးကြီးအဆိုအား အစိုးရအဖွဲ့မှ အမျိုးသားလွှတ်တော်သို့ လာရောက် ရှင်းလင်းဖြေကြားစဉ် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီးက အထက်ပါအတိုင်း ပြောဆိုခဲ့သည်။

နိုင်ငံတော်ဟုဆိုရာတွင်လည်း နိုင်ငံတော်၏ မဏ္ဍိုင်ကြီး ၃ ရပ်ဖြစ်သည့် သမ္မတ ဦးထင်ကျော် ခေါင်းဆောင် သည့်အစိုးရအဖွဲ့၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရ အဖွဲ့များမှသည် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးအဆင့် ထိ၊ ပြည်ထောင်စုလွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်း ဦးဆောင်သည့် လွှတ်တော် အသီးသီး ပြည် ထောင်စုတရားလွှတ်တော်ချုပ် ဦးထွန်းထွန်းဦး ဦးဆောင်သည့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တရားစီ ရင်ရေးအဖွဲ့ အားလုံးတို့ကို လက်နက်စွဲကိုင် တိုက်ခိုက်ခြင်းဖြစ်ကြောင်းလည်း ၄င်းက ဖြည့်စွက်ပြောသည်။

AA လက်နက်ကိုင်အဖွဲ့သည် ဒီမိုကရေစီစနစ်အား ဆန့်ကျင်တိုက်ခိုက်နေခြင်းဖြစ်ပြီး ဒီမိုကရေစီစနစ်တွင် ဖြစ် သင့်ဖြစ်ထိုက်သော မိမိတို့၏ လိုလားချက်များကို လွှတ်တော် ကိုယ်စားလှယ်ကြီးများမှတဆင့် ရရှိနေပြီဖြစ် ကြောင်းလည်း ကာကွယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းက ပြောသည်။

“လက်ရှိသမ္မတ ဦးထင်ကျော် ဦးစီတဲ့ နိုင်ငံတော်အစိုးရ အနေဖြင့်လည်း အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးတို့ကို ဦးစားပေး ဆောင်ရွက်နေသည်ကို အားလုံး သိရှိပြီးဖြစ်ပါလျှက် ယခုကဲ့သို့ နိုင်ငံတော်ကို လက်နက်ကိုင်စွဲတိုက်ခိုက်ခြင်းသည် မဖြစ်သင့် မဖြစ်ထိုက်သော ကိစ္စတစ်ရပ်သာဖြစ်ကြောင်း ပြောကြားလိုပါ တယ်” ဟု ၄င်းကရှင်းလင်းပြောဆိုသည်။

လက်ရှိနိုင်ငံရေးအခြေအနေများ သုံးသပ်ပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် တင်သွင်း သည့် အရေးကြီး အဆိုအား အဆိုရှင်အနေဖြင့် ပြန်လည်ရုပ်သိမ်းပါရန်နှင့် ရှင်းလင်း တင်ပြချက်များ သင့်လျှော်စွာဆောင်ရွက်ပေး ရန် ကာကွယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

အဆိုနှင့်ပတ်သက်ပြီး လွှတ်တော်တွင် မှတ်တမ်းတင်ထားနိုင်ရေး မဲခွဲဆုံးဖြတ်ရာ ထောက်ခံသူများသည့်အတွက် အဆိုအား မှတ်တမ်းတင်ကြောင်း အမျိုးသားလွှတ်တော်ဥက္ကဌ ဦးမန်းဝင်းခိုင်သန်းက အတည်ပြု ပြောကြားသည်။

သတင်း-ဓာတ်ပုံ - ကိုပေါက်

The Ladies New
https://www.facebook.com/News.TheLadies
AA လက်နက်ကိုင်အဖွဲ့သည် နိုင်ငံတော်နှင့် ဒီမိုကရေစီစနစ်ကို လက်နက်စွဲကိုင် တိုက်ခိုက်ခြင်းသာ ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး ရှင်းလင်း  AA လက်နက်ကိုင်အဖွဲ့သည် နိုင်ငံတော်နှင့် ဒီမိုကရေစီစနစ်ကို လက်နက်စွဲကိုင် တိုက်ခိုက်ခြင်းသာ ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး ရှင်းလင်း Reviewed by THITHTOOLWIN on 16:02 Rating: 5
Powered by Blogger.