Panama Papers: UEFA ဌာနချုပ်ကို ရဲတွေဝင်စီး

UEFA အရာရှိဟောင်း၊ လက်ရှိ ဖီဖာဥက္ကဌ Gianni Infantino ကတော့ သူ့မှာ အပြစ်မရှိဘူးလို့ ပြောဆိုထားပါတယ်။ (Credit: AFP) 
Panama ​Papers ​နဲ့ ​ဆက်စပ်ပြီး ​ဆွစ်ဇာလန်နိုင်ငံ ​ရဲတွေက ​ဥရောပ ​ဘောလုံးအဖွဲ့ချုပ်ရဲ့ ​ဌာနချုပ်ရုံးကို ​ဝင်ရောက်စီးနှင်းမှုတွေ ​လုပ်ခဲ့ပါတယ်။

Panama ​Papers ​မှာ ​ဖော်ပြချက်အရ ​UEFA ​လို့ခေါ်တဲ့ ​ဥရောပ ​ဘောလုံးအဖွဲ့ချုပ် ​အရာရှိ ​Gianni ​Infantino ​ဟာ ​၂၀၀၆ ​- ​၂၀၀၉ ​ခုနှစ် ​UEFA ​ချန်ပီယံလိခ် ​ပွဲစဉ်တွေကို ​ထုတ်လွှင့်ပြသဖို့ ​အာဂျင်တီးနား ​နိုင်ငံသား ​Hugo ​နဲ့ ​Mariano ​Jinkis ​ဆိုတဲ့ ​လူနှစ်ယောက်ကို ​ခွင့်ပြုလိုက်ပါတယ်။ ​အခုလောလောဆယ် ​Gianni ​Infantino ​ဟာ ​ဖီဖာ ​ဥက္ကဌ ​ဖြစ်နေပါတယ်။

UEFA ​ဥက္ကဌ ​Gianni ​Infantino ​က ​ရုပ်မြင်သံကြားမှာ ​တိုက်ရိုက်ထုတ်လွှင့်ခွင့်ပြုလိုက်တဲ့ ​Hugo ​နဲ့ ​Mariano ​Jinkis ​ဟာ ​နောက်ထပ် ​ငွေကြေး ​သုံးဆနဲ့ ​တိုက်ရိုက်ထုတ်လွှင့်ခွင့်ကို ​အီကွေဒေါနိုင်ငံက ​Teleamazonas ​ရုပ်မြင်သံကြားဌာနဆီ ​တဆင့်ရောင်းစားခဲ့တာ ​ဖြစ်ပါတယ်။

ဆွစ်ဇာလန် ​ရဲတွေကတော့ ​Panama ​Papers ​မှာ ​ပေါက်ကြားမှု ​မဖြစ်ခင်ကတည်းက ​ရဲတွေက ​ဘောလုံးပွဲ ​ထုတ်လွှင့်ခွင့် ​သဘောတူစာချုပ်နဲ့ ​ပတ်သက်ပြီး ​သင်္ကာမကင်းမှုတွေ ​ရှိခဲ့တယ်လို့ ​ဆိုပါတယ်။

UEFA ​ကတော့ ​ရဲတွေက ​သူတို့ ​ဌာနချုပ်ကို ​လာပြီး ​ဝင်ရောက်စီးနှင်းမှုတွေ ​လုပ်ခဲ့တာကို ​အတည်ပြုပေးခဲ့ပေမယ့် ​သူတို့ ​ဘာအမှားမှ ​မကျူးလွန်ရဘူးလို့ ​ငြင်းဆိုထားပါတယ်။

UEFA ​က ​Hugo ​နဲ့ ​Mariano ​Jinkis ​ကို ​လျှော့ဈေးနဲ့ ​ထုတ်လွှင့်ခွင့်ပေးခဲ့တယ် ​ဆိုတဲ့ ​စွပ်စွဲချက်ကို ​UEFA ​က ​ငြင်းဆိုထားပါတယ်။

Panama ​Papers ​နဲ့ ​ဆက်စပ်ပြီး ​Iceland ​ဝန်ကြီးချုပ် ​ရာထူးကနေ ​ဆင်းသွားပြီလို့ ​ပြောဆိုခဲ့ကြပေမယ့် ​Iceland ​ဝန်ကြီးချုပ်က ​သူ့ရဲ့ ​ဝန်ကြီးချုပ်နေရာကို ​သူ့လက်အောက် ​ငယ်သား ​တစ်ဦးနဲ့ ​ခေတ္တ ​အစားထိုးလိုက်တာ ​ဖြစ်ပြီး ​သူလုံးဝ ​ဝန်ကြီးရာထူးကို ​စွန့်လွတ်တာ ​မဟုတ်ဘူးလို့ ​တုန့်ပြန်ထားပါတယ်။

Iceland ​ဝန်ကြီးချုပ်က ​ရာထူးကနေ ​မဆင်းသေးဘူးဆိုတာကို ​သိရလို့ ​ဆန္ဒပြတဲ့ ​လူတွေကလည်း ​ဆက်လက် ​ဆန့်ကျင်ဆန္ဒပြဖို့ ​စီစဉ်နေကြပါတယ်။

Iceland ​ဝန်ကြီးချုပ်နဲ့ ​ဇနီးသည်ဟာ ​အခွန်ရှောင်တဲ့အနေနဲ့ ​ပနားမား ​နိုင်ငံက ​ဥပေဒအကျိုးဆောင် ​ကုမ္ပဏီကို ​အသုံးပြုပြီး ​ပြည်ပမှာ ​ကုမ္ပဏီ ​ထားရှိတယ်လို့ ​Panama ​Papers ​မှာ ​ဖော်ပြပြီးတဲ့နောက် ​ဆန့်ကျင်ဆန္ဒပြမှုတွေနဲ့ ​ကြုံနေရတာ ​ဖြစ်ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
Panama Papers: UEFA ဌာနချုပ်ကို ရဲတွေဝင်စီး Panama Papers: UEFA ဌာနချုပ်ကို ရဲတွေဝင်စီး Reviewed by THITHTOOLWIN on 09:26 Rating: 5
Powered by Blogger.