လွိုင်ကော်မှ ရန်ကုန်သို့ ထွက်ခွာလာသော စွမ်း Group (Express) ခရီးသည်တင်ယာဉ် တိမ်းမှောက်


ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် အမှတ် ၁၁/၀ နှင့် ၁၁/၁ ကြားတွင် ၂၉-၄-၂၀၁၆ ရက် ယနေ့ နံနက် ၄ နာရီခွဲခန့်တွင် လွိုင်ကော်မှ ရန်ကုန်သို့ ထွက်ခွာလာသော  စွမ်း Group (Express) ခရီးသည်တင်ယာဉ်သည် ရှေ့ကားကို ကျော်တက်ရာမှ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်၊၊


 တံတားအထွက်တွင် ရှေ့မှ မောင်းနှင်နေသော ကားလေးအား ကျော်တက်ရာ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းရှိ Barrier တုံးများအား ၀င်တိုက်ပြီး လမ်းဘေးရှိ Guard Rail များအား ထပ်မံတိုက်မိကာ တစ်စောင်းအနေအထား တိမ်းမှောက်ခဲ့သော ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ပါသည်။


အဆိုပါ ယာဉ်ပေါ်တွင် ယာဉ်မောင်းအပါ ကျား (၃၀)ဦး နှင့် မ (၁၉)ဦး၊ စုစုပေါင်း (၄၉)ဦး စီးနင်းလိုက်ပါလာပြီး ကျား(၁၄)ဦးနှင့် မ(၁၆)ဦး မှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ထုန်ပြန်ချက်အရ သိရသည်၊၊


ထိခိုက် ဒဏ်ရာ ရရှိသူများကို လှည်းကူးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားပြီး ယာဉ်မောင်းကိုမူ အမှတ် ၃ လမ်းဆုံ ရဲစခန်းက ပုဒ်မ ၃၃၇/၃၃၈နှင့် အမှုဖွင့်ထားကြောင်း သိရသည်၊၊

ဓါတ်ပုံ - Ministry of Construction

by သစ်ထူးလွင်

လွိုင်ကော်မှ ရန်ကုန်သို့ ထွက်ခွာလာသော စွမ်း Group (Express) ခရီးသည်တင်ယာဉ် တိမ်းမှောက်  လွိုင်ကော်မှ ရန်ကုန်သို့ ထွက်ခွာလာသော စွမ်း Group (Express) ခရီးသည်တင်ယာဉ် တိမ်းမှောက် Reviewed by THITHTOOLWIN on 17:57 Rating: 5
Powered by Blogger.