နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်းအား အမျိုးသား လွှတ်တော်က အတည်ပြု


ယနေ့ကျင်းပသည့် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် မတ်လ ၃၁ ရက်က အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဦးအောင်ကြည်ညွန့်တင်သွင်းသည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်းနှင့်ပတ်သက်ပြီး ဒေါက်တာမြတ်ဥာဏ်ဏစိုးက ရှင်းလင်းပြောကြားသည်။

ဦးအောင်ကြည်ညွန့်၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၄)က တင်သွင်းသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၇ ဦးက ပြန်လည်ဆွေးနွေးခဲ့သည်။

မွန်းတည့်၁၂နာရီတွင် လွှတ်တော်အစည်းအဝေးပြန်လည်ပြုလုပ်ကာ ယင်း ဥပဒေကြမ်းနှင့် ပတ်သက်ပြီး အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဌ ဦးဇော်မင်း၊ အတွင်းရေးမှုး ဒေါက်တာမြတ်ဥာဏစိုးတို့က ပြန်လည်ရှင်းလင်းခဲ့သည်။

ကိုယ်စားလှယ် ၇ ဦး ဆွေးနွေးသွားသည့်အထဲတွင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီ၊မညီဆိုသည်ကို တွေ့ရှိရသည့်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေများကို ကိုးကားကား၍ ပြန်လည်ရှင်းလင်းခဲ့သည်။ ကိုယ်စားလှယ် ၇ ဦး၏ တပိုဒ်ချင်းစီအလိုက် ပြောင်းလဲပြင်ဆင်လိုခြင်းများကို စက်ခလုပ်အသုံးပြု၍ လွှတ်တော်၏အဆုံးအဖြတ်ကို ခံယူခဲ့ရာ ဥပဒေကြမ်းပါ မူလအချက်အလက်များ အတိုင်းသာ ကျင့်သုံးရန်အတွက် ထောက်ခံခဲ့သည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်းတခုလုံးကို မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ ၁၃၇ ကန့်ကွက် ၇၀ ကြားနေ ၂ ဖြစ်သောကြောင့် ထောက်ခံမဲများသဖြင့် ဥပဒေအတည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာလိုက်သည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်းအား အမျိုးသား လွှတ်တော်က အတည်ပြု   နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်းအား အမျိုးသား လွှတ်တော်က အတည်ပြု Reviewed by THITHTOOLWIN on 17:26 Rating: 5
Powered by Blogger.