ရန်ဖြစ်၍ လက်သီးနှင့်ထိုးရာမှ မြောက်ဦး၌ လူတစ်ဦးသေဆုံး


နိရဉ္စရာ၊ ဧပြီ ၈

ရခိုင်ပြည်နယ် မြောက်ဦးမြို့၌ ရန်ဖြစ်၍ လက်သီးနှင့်ထိုးရာမှ လူတစ်ဦးသေဆုံးသွားကြောင်း သတင်း ရရှိသည်။

သေဆုံးသူမှာ မြောက်ဦး အောင်မင်္ဂလာရပ်ကွက်မှ ဦးစံလှမောင် (၅၃) နှစ်ဖြစ်ပြီး လက်သီးနှင့်ထိုးသူမှာ တစ်ရပ်ကွက်တည်းနေသူ အမဲချေ (၄၇) နှစ်ဖြစ်ကြောင်း မြောက်ဦးရဲတပ်ဖွဲ့မှူး မြင့်သောင်းက အတည်ပြု ပြောကြားသည်။

“ ဖြစ်တာက ဧပြီလ ၆ ရက်နေ့ ညနေ ၅ နာရီကျော်မှာ ဖြစ်တာပါ။ ကျွန်တော်တို့ဆီကို လာတိုင်တာက ဧပြီ ၇ ရက်နေ့မှ လာတိုင်တာပါ။ အရက်မူးပြီးရန် ဖြစ်ရာကနေ အမဲချေက ဦးစံလှမောင်ကို လက်သီးနဲ့ထိုးတယ်လို့ ပြောတယ်။ ရန်ဖြစ်ပြီး ပြသနာကို ရပ်ကွက်ထဲမှာ ဖြေရှင်းကြတယ်။ နောက်တစ်နေ့မှာ ဆေးရုံကို တင်ရတော့မှ ကျွန်တော်တို့ဆီ လာတိုင်တာ။ ဧပြီ ၇ ရက်နေ့ ညနေ ၇ နာရီ ၅၀ ခန့်မှာ ဦးစံလှမောင် ဆုံးသွားပါတယ်” ဟု ရဲတပ်ဖွဲ့မှူးက ပြောကြားသည်။

ယခုအခါ လူသတ်မှု ကျူးလွန်သူ အမဲချေမှာ အဖမ်းမခံဘဲ ရှောင်တိမ်းသွားခဲ့သည်ဟု သိရသည်။

အမဲချေအား တရားခံပြေး အဖြစ် သတ်မှတ်ပြီး (ပ) ၃၇/ ၂၀၁၆ ဖြင့် အမှုဖွင့်ထားပြီး လူသတ်မှု ပုဒ်မ (၃၀၂) ဖြင့် စွဲချက်တင်ထားသည်ဟု ရဲတပ်ဖွဲ့မှူးက ပြောဆိုသည်။

Arakan State
https://www.facebook.com/NarinjaraNews

ရန်ဖြစ်၍ လက်သီးနှင့်ထိုးရာမှ မြောက်ဦး၌ လူတစ်ဦးသေဆုံး  ရန်ဖြစ်၍ လက်သီးနှင့်ထိုးရာမှ မြောက်ဦး၌ လူတစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 22:23 Rating: 5
Powered by Blogger.