ဝါရှင်တန် ၊ ၆-၄-၂၀၁၆
အမေရိကန် ပြည်ထောင်စု တင်နက်စီ ပြည်နယ် ဂရိတ်စမုတ် ကီတောင် အနီးရှိ ပြည်သူ့ဥယျာဉ် အနီးတွင် ဧပြီ ၄ ရက် ညနေပိုင်းက ရှုခင်းများ လှည့်လည် ကြည့်ရှုနေသော အပျော်စီး ရဟတ်ယာဉ် တစ်စင်း ပျက်ကျခဲ့ရာ စီးနင်း လိုက်ပါလာသည့် လူငါးဦးစလုံး သေဆုံး ခဲ့ကြောင်း သတင်းဌာန များက ထုတ်ပြန် ကြေညာသည်။
အဆိုပါ ရဟတ်ယာဉ် သည် Bell 206 အမျိုးအစား ဖြစ်ပြီး ရဟတ်ယာဉ် ပျက်ကျမှုတွင် အဆောက်အအုံများ ထိခိုက် ပျက်စီးခြင်း မရှိကြောင်း နှင့် လူများလည်း ထိခိုက် ဒဏ်ရာရရှိခြင်း မရှိကြောင်း သိရသည်။
အမေရိကန် ပြည်ထောင်စု ဆီးဗီးယားဗီလ် ဒေသသည် နိုင်ငံခြားသား ခရီးသွားများ လာရောက် လည်ပတ်လေ့ ရှိသော နေရာတစ်ခု ဖြစ်ပြီး ယင်းဒေသတွင် အပျော်စီး ရဟတ်ယာဉ် များသည် တစ်နေ့လျှင် အနည်းဆုံး သုံးစင်းမှ လေးစင်း ပျံသန်းလေ့ ရှိကြောင်း နှင့် ရဟတ်ယာဉ် ပျက်ကျမှု ဖြစ်ပွားရာ နေရာသို့ စုံစမ်းရန် တာဝန်ရှိသူများ ကို စေလွှတ်ထားပြီး ဖြစ်ကြောင်း သယ်ယူ ပို့ဆောင်ရေး နှင့် လုံခြုံရေး ဌာနမှ ပြောရေးဆိုခွင့် ရှိသူ တစ်ဦးက ပြောပြသည်။
PyiChitThar
http://www.pyichitthar.com
အမေရိကန်ပြည်ထောင်စု တွင် အပျော်စီး ရဟတ်ယာဉ်တစ်စင်း ပျက်ကျ လူငါးဦးသေဆုံး
Reviewed by THITHTOOLWIN
on
16:42
Rating: