သင်္ကြန်အတွင်း ရခိုင်တွင် တိုက်ပွဲ ဖြစ်ပွား


နိရဉ္စရာ၊ ဧပြီ ၁၆

သင်္ကြန်အတွင်း ရခိုင်ပြည်နယ်တွင် မြန်မာ့အစိုးရတပ်မတော်နှင့် ရက္ခိုင့်တပ်မတော်အကြား တိုက်ပွဲ အနည်းဆုံးနှစ်ကြိမ် ဖြစ်ပွားခဲ့သည်ဟု သိရသည်။

တိုက်ပွဲများ ဖြစ်ပွားခဲ့သော နေရာများမှာ ရခိုင်ပြည်နယ်၊ ပုဏ္ဏာကျွန်းမြို့ နယ်နှင့် ရသေ့တောင်မြို့ နယ် အစပ်ရှိ တောဖျားချောင်းအထက် သြရမတောင်တန်းနှင့် ပုဏ္ဏားကျွန်းမြို့ နယ်-ကျောက်တော်မြို့နယ် ယိုးချောင်းအထက် ကန်ဇောက်ကျေးရွာ အလွန် နတ်သရဲကျေးရွာအနီး နေရာ ၂ ခုတွင် ဖြစ်ပွားခဲ့သည်ဟု သိရသည်။

တိုက်ပွဲမှာ ဧပြီလ ၁၆ ရက် နေ့ လယ်က စ ဖြစ်ကြောင်း၊ တိုက်ပွဲမှာ ပြင်းထန်ကြောင်း ရက္ခိုင့်အမျိုးသားအဖွဲ့ ချုပ်/ ရက္ခိုင့် တပ်မတော်၏ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ခိုင်သုခက နိရဉ္စရာ သတင်းဌာနသို့  အတည်ပြု ပြောကြားသည်။

" တိုက်ပွဲဖြစ်နေတယ် ဆိုတာ မှန်ပါတယ်။ နေရာ နှစ်ခုမှာ ဖြစ်နေပါတယ်။ တိုက်ပွဲကတော့ နည်းနည်းပြင်းထန် ပါတယ်။ မြန်မာ စစ်တပ်ဖက်က အင်အားနဲ့ စစ်ကူတွေ တိုးချဲ့ နေတဲ့ အတွက် နောက်ထပ် တိုက်ပွဲတွေ ဆက်ဖြစ် လာနိုင်ပါတယ် "ဟု သူကဆိုသည်။

တိုက်ပွဲအတွင်း မြန်မာ့တပ်မတော်ဖက်မှ အရာရှိများအပါအ၀င် အကျအဆုံးများ ရှိကြောင်း ရက္ခိုင့်တပ်မတော်ဘက်မှ ထုတ်ပြန်ထားသော်လည်း နိရဉ္စရာအနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။

ရက္ခိုင့်တပ်မတော် အေအေ နှင့်မြန်မာ့တပ်မတော်တို့ သည် ၂၀၁၅ ခုနှစ် ဧပြီလ ၁၀ ရက်နေ့ မှ စတင်ကာ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများဖြစ်ပွားခဲ့ပြီး တိုက်ပွဲများ ရံဖန်ရံခါ ဖြစ်ပွားမှုမှာ ယခုအခါ တနှစ်ကျော် ရှိလာခဲ့ပြီ ဖြစ်သည်။

ကောင်းမြတ်နိုင်(မောင်တော)
Arakan State
https://www.facebook.com/NarinjaraNews/
သင်္ကြန်အတွင်း ရခိုင်တွင် တိုက်ပွဲ ဖြစ်ပွား  သင်္ကြန်အတွင်း ရခိုင်တွင် တိုက်ပွဲ ဖြစ်ပွား Reviewed by THITHTOOLWIN on 10:13 Rating: 5
Powered by Blogger.