သင်္ကြန် လေးရက်အတွင်း မြန်မာတစ်နိုင်ငံလုံး အမှုပေါင်း ၁၈၉ မှု ဖြစ်ပြီး ၃၂ ဦး သေဆုံး

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ သင်္ကြန်ရက်အတွင်း လုံခြုံရေး ဆောင်ရွက်နေစဉ် (ဓာတ်ပုံ-Yangon Police)
    ရန်ကုန်၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ)

    မြန်မာ တစ်နိုင်ငံလုံး၌ သင်္ကြန် လေးရက်အတွင်း အမှုပေါင်း ၁၈၉ မှု ဖြစ်ပွားပြီး လူ ၃၂ ဦး သေဆုံးကာ ဒဏ်ရာရရှိသူ ၂၃၅ ဦး ရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

သင်္ကြန် အကြိုနေ့တွင် တစ်နိုင်ငံလုံး အမှု ၁၁ မှု ဖြစ်ပွားကာ သေဆုံးသူ တစ်ဦးနှင့် ဒဏ်ရာရရှိသူ ၁၄ ဦး၊ သင်္ကြန် အကျနေ့တွင် တစ်နိုင်ငံလုံး အမှု ၄၅ မှု ဖြစ်ပွားကာ သေဆုံးသူ ၄ ဦးနှင့် ဒဏ်ရာရရှိသူ ၅၇ ဦး၊ သင်္ကြန် ပထမ အကြတ်နေ့တွင် ၇၆ မှု ဖြစ်ပွားကာ သေဆုံးသူ ၁၅ ဦးနှင့် ဒဏ်ရာ ရရှိသူ ၇၅ ဦး၊ ဒုတိယ အကြတ်နေ့တွင် အမှု ၅၇ မှု ဖြစ်ပွားကာ သေဆုံးသူ ၁၂ ဦးနှင့် ဒဏ်ရာရရှိသူ ၈၉ ဦး စသည့်တို့ ဖြစ်ပွားခဲ့သည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ သင်္ကြန်ရက်အတွင်း လုံခြုံရေး ဆောင်ရွက်နေစဉ် (ဓာတ်ပုံ-Yangon Police)
အဆိုပါ အမှုများတွင် အများဆုံး ခါးပိုက်နှိုက်မှု ၅၈ မှု ဖြစ်ပွားကာ ဒုတိယ အများဆုံးအဖြစ် နာကျင်စေမှု ၃၇ မှု နှင့် တတိယ အများဆုံး ယာဉ်တိုက်မှု ၃၄ မှု ဖြစ်ပွားခဲ့သည်။

ယင်းသင်္ကြန်ရက်အတွင်း လူသတ်မှု တစ်မှုသာ ဖြစ်ပွားခဲ့ပြီး အခြားအမှု ၁၁ မှု၊ လက်နက်ကိုင်ဆောင်မှု ၈ မှု၊ သေမှုသေခင်း ၁၄ မှု တွင် သေဆုံးသူ ၁၆ ဦး၊ ယစ်မျိုးဖမ်းဆီးမှု ၁၇ မှုနှင့် မုဒိမ်းမှု ၁ မှု စသည်တို့ ဖြစ်ပွားခဲ့သည်။

၂၀၁၆ ခုနှစ် အတာသင်္ကြန်သည် ယခင်နှစ် သင်္ကြန်များထက် မှုခင်းဖြစ်ပွားမှု လျော့ချနိုင်ခဲ့ပြီး အများပြည်သူ ရေကစားရာတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ လုံခြုံရေး အပြည့်အဝ ဆောင်ရွက်ခဲ့ကြောင်း သင်္ကြန်တွင်း တာဝန်ကျ ရဲမှူး တစ်ဦးက ဆိုသည်။

(Xinhua)
http://www.xinhuamyanmar.com
သင်္ကြန် လေးရက်အတွင်း မြန်မာတစ်နိုင်ငံလုံး အမှုပေါင်း ၁၈၉ မှု ဖြစ်ပြီး ၃၂ ဦး သေဆုံး  သင်္ကြန် လေးရက်အတွင်း မြန်မာတစ်နိုင်ငံလုံး အမှုပေါင်း ၁၈၉ မှု ဖြစ်ပြီး ၃၂ ဦး သေဆုံး Reviewed by THITHTOOLWIN on 18:02 Rating: 5
Powered by Blogger.