နှစ်ဆန်း၁ရက်မှာ နိုင်ငံရေးအကျဉ်းသားတွေ လွတ်လာ

 ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၂၀၄ က နဲ့ သမ္မတ အာဏာ ကို အသုံးပြု ပြီး လွတ်ငြိမ်းချမ်းသာ ခွင့် ပေးခဲ့
ဒီကနေ့ ဧပြီလ ၁၇ ရက် မြန်မာ့ နှစ်ဆန်း ၁ ရက်နေ့မှာ အကျဉ်းထောင် အသီးသီးက ယုံကြည်ချက်ကြောင့် အကျဉ်းကျခံ နေရတဲ့ နိုင်ငံရေး အကျဉ်းသား ၈၃ ယောက်ကို သမ္မတ ဦးထင်ကျော် အမိန့်နဲ့ လွတ်ငြိမ်း ချမ်းသာ ခွင့် ပေးခဲ့ပါတယ်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၂၀၄ က နဲ့ သမ္မတ အာဏာ ကို အသုံးပြု ပြီး လွတ်ငြိမ်းချမ်းသာ ခွင့် ပေးခဲ့တာ ဖြစ်ပါတယ်။

အင်းစိန် အကျဉ်းထောင် မှာ ဖမ်းဆီး ခံထားရတဲ့ ကိုနေမျိုးဇင်၊ ဒေါ်နော်အုန်းလှ၊ ပခုက္ကူ အကျဉ်းထောင်မှာ အကျဉ်းကျခံ နေရတဲ့ ယူနတီ ဂျာနယ် က သတင်းသမား ၅ ယောက်၊ ကျောင်းသားအရေး လှုပ်ရှားသူ၊ လယ်သမား အရေး လှုပ်ရှားသူများလည်း လွတ်မြောက် ခဲ့ကြပါတယ်။

ဧပြီလ ၈ ရက်နေ့ ကလည်း သာယာဝတီ ထောင်မှာ ဖမ်းဆီး ခံထားရတဲ့ ကျောင်း သားတွေ နဲ့ ကျောင်းသား ဆန္ဒပြပွဲမှာ ဝန်းရံ ခဲ့ကြသူတွေ နဲ့ အတူ နိုင်ငံရေး အကျဉ်းသား တွေကို လွှတ် ပေး ခဲ့ပါတယ်။

BBC Burmese
http://www.bbc.com/burmese
နှစ်ဆန်း၁ရက်မှာ နိုင်ငံရေးအကျဉ်းသားတွေ လွတ်လာ  နှစ်ဆန်း၁ရက်မှာ နိုင်ငံရေးအကျဉ်းသားတွေ လွတ်လာ Reviewed by THITHTOOLWIN on 18:01 Rating: 5
Powered by Blogger.