နိုင်ငံတဝှမ်း လမ်း၊ တံတား အသုံးပြုခကောက်ခံမှု ရုပ်သိမ်း

ဧရာဝတီတိုင်းက မြစ်ကူးတံတားတစ်စင်းကို တွေ့ရစဉ်
တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက လမ်း၊ တံတား အသုံးပြုခကောက်ခံဂိတ် (၁၆၁) ဂိတ်ကို ဧပြီလ (၁) ရက်နေ့ ဒီနေ့ကစပြီး ကောက်ခံတာကို ပယ်ဖျက်လိုက်ကြောင်း အစိုးရဆောက်လုပ်ရေးဝန်ကြီးဌာနက ကြေညာလိုက်ပါတယ်။

လမ်း တံတားကြေး ကောက်ခံတဲ့ ဂိတ်တွေမှာ ရန်ကုန်တိုင်းက (၃) ဂိတ်၊ စစ်ကိုင်းတိုင်း (၃၉)ဂိတ်၊ တနင်္သာရီ တိုင်းက (၉)ဂိတ်၊ ပဲခူး တိုင်းက (၉)ဂိတ်၊ မကွေးတိုင်းက (၂၂)ဂိတ်၊ မန္တလေးတိုင်းက (၆)ဂိတ်၊ ကယားပြည် နယ်က (၄)ဂိတ်၊ မွန်ပြည် နယ်က (၄) ဂိတ်၊ ရခိုင်ပြည်နယ်က (၁၈)ဂိတ်၊ ရှမ်းပြည်နယ်က (၂၅) ဂိတ် နဲ့ ဧရာ ၀တီတိုင်းက (၂၂) ဂိတ်ဖြစ်ပါတယ်။

မြန်မာတစ်နိုင်ငံလုံးမှာ လမ်း၊ တံတား အသုံးပြုခကောက်ခံတဲ့ ဂိတ်ပေါင်း ၃၀၀ ကျော်ရှိပြီး နောက်ဆက်တွဲ ဂိတ်တွေကိုလည်း ဖော်ပြသွားမယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

RFA Burmese
http://www.rfa.org/burmese

နိုင်ငံတဝှမ်း လမ်း၊ တံတား အသုံးပြုခကောက်ခံမှု ရုပ်သိမ်း  နိုင်ငံတဝှမ်း လမ်း၊ တံတား အသုံးပြုခကောက်ခံမှု ရုပ်သိမ်း Reviewed by THITHTOOLWIN on 21:30 Rating: 5
Powered by Blogger.