သမ္မတရုံး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် ၏ ပြောခွင့်ရပုဂ္ဂိုလ်


 သမ္မတရုံး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် ၏ ပြောခွင့်ရပုဂ္ဂိုလ်မှာ ယခင် သမ္မတဟောင်း ဦးသိန်းစိန်၏ ပြောခွင့်ရပုဂ္ဂိုလ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ တစ်ဦးဖြစ်ပြီး သမ္မတရုံး ညွှန်မှုးတစ်ဦးဖြစ်သူ မှုးဇော် ဟု လူသိများသော ဦးဇော်ဌေး ဖြစ်ကြောင်းသိရသည်။

၎င်းသည် စာရေးသူတစ်ဦးဖြစ်ပြီး The Voice နှင့် အခြား သတင်းဂျာနယ် သတင်းစာများတွင် ဦးသိန်းစိန် အစိုးရနှင့် ပတ်သက်၍ ဝေဖန်မှုများကို ဆတ်ဆတ်ထိမခံ တုန့်ပြန်ရေးသားလေ့ရှိသူဖြစ်သည်။

ယခု အစိုးရသစ်လက်ထက်တွင် ၄င်းသည် သမ္မတရုံး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် ကိုယ်စား သတင်းထောက်များနှင့် ၂ ပတ် တကြိမ်တွေ့ဆုံ၍ ရှင်းလင်းပွဲ ပုံမှန်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

The Ladies News
https://www.facebook.com/News.TheLadies
သမ္မတရုံး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် ၏ ပြောခွင့်ရပုဂ္ဂိုလ်  သမ္မတရုံး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် ၏ ပြောခွင့်ရပုဂ္ဂိုလ် Reviewed by THITHTOOLWIN on 18:06 Rating: 5
Powered by Blogger.