ဦးပက်ထရစ်ခွန်ဂျာလီ လွတ်မြောက်

(ဆက်သွယ်ရေးပုဒ်မ ၆၆ ဃ နဲ့ အမှုရင်ဆိုင်နေရတဲ့ ကချင်အမျိုးသား ဦးခွန်ဂျာလီကို ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်တရားရုံးက ဇန်နဝါရီလ ၂၂ ရက်နေ့က ထောင်ဒဏ် ၆ လ အမိန့်ချလိုက်စဉ်) Photo: Htet Akar/RFA
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ဓာတ်ပုံကို ဖိနပ်နဲ့နင်းထားတဲ့ပုံကို အင်တာနက်ဖေ့ဘွတ်စ်မှာ ဖြန့်တယ်ဆိုပြီး ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ နဲ့ ထောင်ဒဏ် ၆ လ ကျခံရတဲ့ ဦးပက်ထရစ်ခွန်ဂျာလီဟာ ဒီနေ့မှာ ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်ကနေ ပြန်လွတ်လာပါတယ်။

လွတ်ရက်စေ့လို့ ပြန်လွတ်လာတာဖြစ်ပြီး အကျဉ်းကျနေတဲ့ ကာလတစ်လျှောက်လုံး ကျန်းမာရေး မကောင်းတဲ့အတွက် အင်းစိန်ထောင်ရဲ့ဆေးရုံမှာ နေခဲ့ရတယ်လို့ ဦးပက်ထရစ်ခွန်ဂျာလီက ပြောပါတယ်။

ဖေ့ဘွတ်စ်မှာ ဓာတ်ပုံဖြန့်တယ်ဆိုပြီး တရားစွဲခံရပေမယ့် အမှုစစ်ဆေးတဲ့ တရားရေးဝန်ထမ်းတွေဟာ ဖေ့ဘွတ်စ်လုပ်ဆောင်ချက်တွေ၊ အိုင်တီနည်းပညာတွေကို နားမလည်ပဲ စီရင်ချက်ချခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

ကာကွယ်ရေးဦးစီးချုပ်ပုံကို ခြေထောက်နဲ့နင်းထားတဲ့ပုံကို ဖြန့်ဝေခဲ့တယ်ဆိုပြီး ဦးပက်ထရစ်ခွန်ဂျာလီ ကို လှိုင်မြို့နယ်ရဲစခန်းက ၂ဝ၁၅ ခုနှစ် အောက်တိုဘာလမှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး ၂ဝ၁၆ ခုနှစ် ဇန်နဝါရီလမှာ အမိန့်ချခဲ့ပါတယ်။

အလားတူအမှုနဲ့ အရေးယူခံခဲ့ရတဲ့ ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်က မချောစန္ဒီထွန်းလည်း မတ် ၃ဝ ရက်နေ့က မအူပင်အကျဉ်းထောင်ကနေ လွတ်ရက်စေ့လို့ လွတ်မြောက်ခဲ့ပါတယ်။

RFA Burmese
https://www.facebook.com/RFA-Burmese
ဦးပက်ထရစ်ခွန်ဂျာလီ လွတ်မြောက်  ဦးပက်ထရစ်ခွန်ဂျာလီ လွတ်မြောက် Reviewed by THITHTOOLWIN on 17:34 Rating: 5
Powered by Blogger.