ဘိုကိုဟာရမ် စစ်သွေးကြွများက ဖမ်းဆီးထားသည့် ဓါးစားခံ ၂၇၅ ဦးအား နိုင်ဂျီးရီးယား စစ်တပ်မှ ပြန်လည် ကယ်ထုတ်နိုင်ခဲ့

ဘိုကိုဟာရမ် စစ်သွေးကြွများလက်မှ ပြန်လည် လွတ်မြောက်လာသည့် ဓါးစားခံများအားတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)
    အဘူဂျာ၊ ဧပြီ ၆ ရက် (ဆင်ဟွာ)

    နိုင်ဂျီးရီးယား စစ်တပ်က နိုင်ငံ အရှေ့မြောက်ပိုင်းရှိ Borno ပြည်နယ်တွင် ပြုလုပ်ခဲ့သည့် စစ်ဆင်ရေးတစ်ခု တွင် ဘိုကိုဟာရမ် စစ်သွေးကြွများ ဖမ်းဆီးထားသည့် ဓါးစားခံ ၂၇၅ ဦး အား ကယ်တင်နိုင်ခဲ့ကြောင်း ဧပြီလ ၅ ရက်က ပြောကြားခဲ့သည်။

စစ်တပ် ပြောရေးဆိုခွင့်ရှိသူ Sani Usman က စစ်တပ်သည် ဧပြီလ ၄ ရက်က ပြုလုပ်ခဲ့သည့် စီးနင်းမှု တွင် ဘိုကိုဟာရမ် စစ်သွေးကြွ ၁၅ ဦး အား သုတ်သင်နိုင်ခဲ့ပြီး ခေါင်းဆောင် ၆ ဦးကို ဖမ်းဆီး နိုင်ခဲ့ကြောင်း ပြောကြား ခဲ့သည်။

စစ်ဆင်ရေးတွင် ပါဝင်ခဲ့သည့် တပ်ဖွဲ့ဝင်များအား ပြည်သူ့လုံခြုံရေး တပ်ဖွဲ့များက ကူညီ ထောက်ပံ့ပေးခဲ့ပြီး စစ်သွေးကြွများ ပုန်းအောင်းနေသည့် နေရာများသို့ ခေါ်ဆောင်သွား ပေးခဲ့ကြောင်း သိရသည်။

ဘိုကိုဟာရမ် စစ်သွေးကြွများ ၏ လက်နက် ခဲယမ်းများသာမက ၄င်းတို့အသုံးပြုသည့် ယာဉ်များကိုပါ သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

ဘိုကိုဟာရမ် စစ်သွေးကြွ အုပ်စုသည် အစ္စလာမ်မစ် ပြည်နယ် ထူထောင်ရန် အတွက် ၂၀၀၉ ခုနှစ် တွင် သောင်းကျန်းမှုများ ပြုလုပ်ခဲ့သည့် အချိန်မှစ၍ နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းတွင် လူထောင်ပေါင်း များစွာကို သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

နိုင်ဂျီးရီးယား စစ်တပ်က ဘိုကိုဟာရမ် စစ်သွေးကြွများ ထိန်းချုပ်ထားသည့် ဧရိယာ တော်တော်များများကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့သော်လည်း စစ်သွေးကြွများသည် နိုင်ငံ တစ်လျှောက် အကြမ်းဖက်မှုများကို ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်ပြီး ၄င်းတို့၏ အကြမ်းဖက် လုပ်ရပ်များသည် အိမ်နီးချင်းနိုင်ငံများ ဖြစ်သည့် ကင်မရွန်း၊ ချဒ် နှင့် နိုင်ဂျာ နိုင်ငံများသို့ ပျံ့နှံလျက်ရှိကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
ဘိုကိုဟာရမ် စစ်သွေးကြွများက ဖမ်းဆီးထားသည့် ဓါးစားခံ ၂၇၅ ဦးအား နိုင်ဂျီးရီးယား စစ်တပ်မှ ပြန်လည် ကယ်ထုတ်နိုင်ခဲ့  ဘိုကိုဟာရမ် စစ်သွေးကြွများက ဖမ်းဆီးထားသည့် ဓါးစားခံ ၂၇၅ ဦးအား နိုင်ဂျီးရီးယား စစ်တပ်မှ ပြန်လည် ကယ်ထုတ်နိုင်ခဲ့ Reviewed by THITHTOOLWIN on 16:42 Rating: 5
Powered by Blogger.