မန်းသင်္ကြန်တွင် စည်းကမ်းချက်မလိုက်နာဘဲ ၀တ်စားကာ သင်္ကြန်လည်ပတ်သူများအား ပညာပေး


မန်းသင်္ကြန်တွင် လူငယ်များက စစ်ဝတ်စုံများနှင့် အခြားနိုင်ငံများမှ အဖွဲ့အစည်း ၀တ်စုံများနှင့် အလံများ ၀တ်ဆင်ကာ ရေကားစားကြခြင်းမှာ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များ ဖေါက်ဖျက်သဖြင့် ယင်းဝတ်စုံများကို သိမ်းဆည်းကာ ပညာပေးခဲ့ကြောင်းသိရသည်။

“ကျွန်တော်တို့ ကတော့ သူတို့ အကျီတွေ သင်္ကြန်ကာလမှာ သိမ်းထားမယ်။ ပြီးမှပြန်ပေးမယ်။ သင်္ကြန်ရေ ကစားကြမယ့်သူတွေအတွက် လိုက်နာရမယ့် စည်းကမ်းတွေထုတ်ပြန်ပေးထားတယ်။ ဒါကိုလိုက်နာဖို့ လိုပါ တယ်။”ဟု ပြည်ကြီးတံခွန်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

သင်္ကြန်ပွဲတော် လုံခြုံရေးနှင့် ယာဉ်များ စည်းကမ်းတကျ ရှိရေး အတွက် ရဲတပ်ဖွဲ့ဝင်များနှင့် ယာဉ်ထိန်းရဲများက တာဝန်ယူဆောင်ရွက်နေကြသည့် အပြင်ကားများပေါ်တွင် ဒုတ်/ဓါး/လက်နက်များသာမက အရက်များသယ် ဆောင်ခြင်းတို့ကိုစစ်ဆေးနေသည်ဟုဆိုသည်။

ခိုင်ဆက်ဝေ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
မန်းသင်္ကြန်တွင် စည်းကမ်းချက်မလိုက်နာဘဲ ၀တ်စားကာ သင်္ကြန်လည်ပတ်သူများအား ပညာပေး  မန်းသင်္ကြန်တွင် စည်းကမ်းချက်မလိုက်နာဘဲ ၀တ်စားကာ သင်္ကြန်လည်ပတ်သူများအား ပညာပေး Reviewed by THITHTOOLWIN on 20:35 Rating: 5
Powered by Blogger.