ကလေးမြို့ တွင် လေပြင်းတိုတ်ခတ်မှုကြောင့် လူသေဆုံးမှုနှင့် ထိခိုက်ပျက်စီးမှုများရှိ


ကလေးဧပြီ ၆

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းကလေးမြို့ တွင် ဧပြီ ၅ ရက်ညပိုင်း ၁၁ နာရီခွဲအချိန်ခန့် က လေပြင်းတိုက်ခတ်မှုဖြစ်ပွားရာဘုရားကျောင်းကန်၊ လူနေအိမ်၊ ရဲကင်း၊ ကွန်ကရစ်ဓာတ်တိုင်များပျက်စီးမှုရှိခဲ့ပြီးသစ်ပင်သစ်ကိုင်းများကျိုးကျမှုနှင့် လူတစ်ဦးသေဆုံးမှုဖြစ်ပွားကြောင်းသိရသည်။

အဆိုပါလေပြင်းတိုက်ခတ်ရာတွင် ရေဆန်ကျွန်းဘုရား(ကျီကုန်း) ငှက်မြတ်နားတော်ကွေး၍ စိန်ဖူးတော် ဆလင်းကျောက်ပဲ့ကျသွားပြီးကလေးမြို့ အ၀င်မုခ်ဦးနေရာတွင် အင်တာနက်အသုံးပြုနေသည့် မောင်မင်းသုဝေ (၂၉)နှစ်သည် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်သို့ ပြန်လာစဉ် ချင်းသစ်ထုတ်လုပ်ရေးဝင်းရှေ့  ကလေး- ကလေးဝလမ်းပေါ်သို့ အရောက်တွင် ဆိပ်ဖြူပင်ကိုင်းကျိုးကျ၍ ဆိုင်ကယ်မောင်းနှင်သူမောင်မင်းသုဝေအပေါ်သို့ ပိကျရာနေရာတွင် သေဆုံးခဲ့ကြောင်း၊ နောက်ပါလိုက်သူမောင်အာကာဟိန်းမှာဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့ကြောင်းသိရသည်။


ယင်းသို့ လေပြင်းတိုက်ခတ်မှုကြောင့် မြို့ နယ်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန ရုံးဝင်းရှိ ၀န်ထမ်းနေအိမ်တစ်လုံးပေါ်သို့  ကုက္ကိုလ်ပင်ကျိုးကျသဖြင့် ပြိုကျပျက်စီးခြင်း၊ ချမ်းမြေ့အောင်စည်ရပ်ကွက် သီလရှင်စာသင်တိုက်အမိုးသွပ် ၅၀ ချပ်ခန့် လေလန်ပျက်စီးခြင်း၊ အေးရိပ်မွန် အမျိုးသမီးဖွံ့ ဖြိုးတိုးတက်ရေးဂေဟာအမိုးသွပ် ၁၀၀ ချပ်ခန့် လေလန်ပျက်စီးခြင်း၊ ပင်လုံရပ်ကွက် လူနေအိမ် နှစ်လုံးနှင့် စပါးဂိုဒေါင် နှစ်လုံးတို့ မှ အမိုးသွပ် ၃၄ ချပ်လေလန်ပျက်စီးခြင်း၊ လက်ပံချောင်းရဲကင်းအမိုးသွပ် ရှစ်ချပ်နှင့် မြို့ နယ်ရဲတပ်ဖွဲ့ မှူး(ကလေး)ရုံးအမိုးသွပ် ၅၀ ချပ်လေလန်ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့သည်။

ယင်းအပြင် လျှပ်စစ်ဓာတ်တိုင် ၄၀၀ ဗို့ လိုင်းကွန်ကရစ်တိုင် ၉ မီတာလေးတိုင်၊ သစ်သားတိုင် နှစ်တိုင်နှင့် ၁၁ ကေဗွီလိုင်း ၁၀ မီတာတစ်တိုင်ပျက်စီးခဲ့ရာဓာတ်အားပြန်လည်ပို့ လွှတ်နိုင်ရေးအတွက် လျှပ်စစ်ဓာတ်အားဖြန့် ဖြူးရေးလုပ်ငန်းမှ ၀န်ထမ်းများက ကွန်ကရစ်တိုင်များအစားထိုးလဲလှယ်ခြင်းနှင့် ဓာတ်အားလိုင်းကြိုးများ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိသည်။

ကလေးမြို့ တွင်းဗိုလ်ချုပ်လမ်းမပေါ်သို့  သစ်ကိုင်းများကျိုးကျနေမှုအား မြို့ နယ်စီမံခန့် ခွဲမှုကော်မတီဥက္ကဌ ဦးဝေလွင်ဖြိုးကဦးစီး၍ မြို့ နယ်စည်ပင်သာယာရေးကော်မတီဝင်များနှင့် ၀န်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ ပြည်သူများသွားလာရေးအဆင်ပြေချောမွေ့ စေရန်အတွက် သစ်ကိုင်းကျိုးများကိုအချိန်နှင့်တစ်ပြေးညီရှင်းလင်းဖယ်ရှားကြပြီးဖောင်ကူး- အင်ဒိုင်းကြီးကျေးရွာလမ်းတွင် သစ်ပင်များလဲကျ၍ လမ်းပိတ်ဆို့ နေမှုများကိုလည်းကျီကုန်းကျေးရွာဘက်မှ ယာယီသွားလာစေပြီးလမ်းဦးစီးဌာနမှ ရှင်းလင်းလျက်ရှိကြသည်။

ထိုသို့ ကလေးမြို့ နှင့် ကလေးမြို့ နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များထိခိုက်ပျက်စီးမှုနှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးစာရင်းများကိုဆက်လက်ကောက်ယူနေဆဲဖြစ်ဖြစ်ကြောင်း မြို့ နယ်စီမံခန့် ခွဲမှုကော်မတီဥက္ကဌထံမှသိရသည်။

ချင်းတွင်းသား
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ကလေးမြို့ တွင် လေပြင်းတိုတ်ခတ်မှုကြောင့် လူသေဆုံးမှုနှင့် ထိခိုက်ပျက်စီးမှုများရှိ  ကလေးမြို့ တွင် လေပြင်းတိုတ်ခတ်မှုကြောင့် လူသေဆုံးမှုနှင့် ထိခိုက်ပျက်စီးမှုများရှိ Reviewed by THITHTOOLWIN on 17:40 Rating: 5
Powered by Blogger.