နှစ်နိုင်ငံ ချစ်ကြည်ရေး တိုးမြှင့်မည်


NLD အစိုးရသစ်ဟာ တာဝန်ယူတာ တစ်ပတ်ကြာမြင့်တဲ့အချိန်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ လာရောက်ဂုဏ်ပြုတဲ့အတွက် ကျေးဇူးတင်ရှိကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။

ဒီကနေ့ နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ကျင်းပတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ၀မ်ယီ Wang Yi နဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည် က ဂုဏ်ယူကြောင်း ပြောကြားတာဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒဟာ တကမ္ဘာလုံးနဲ့ ခင်မင်ရင်းနှီးစွာဆက်ဆံရေး၊ လူသားအားလုံး တိုးတက်ရေး ဆိုတဲ့ ယုံကြည်ချက်အရ ချမှတ်ထားတာဖြစ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး က မြန်မာနဲ့ တရုတ် နှစ်နိုင်ငံဆက်ဆံရေးဟာ ချစ်ကြည်ရေးပေါ်လစီအဖြစ် ဆက်လက်ထားရှိသွားမှာဖြစ်ပြီး တည်ငြိမ်မှုရှိတဲ့ ချစ်ကြည်ရေးအဖြစ် စကားပြန်ကတဆင့် ပြောကြားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံရဲ့ စီးပွားရေးကဏ္ဍ ဖံွ့ဖြိုးတိုးတက်ရေးနဲ့ မြန်မာပြည်သူတွေရဲ့ဘ၀မြှင့်တင်ရေးတွေမှာ တရုတ်အစိုးရက ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြောကြားပါတယ်။

RFA Burmese
https://www.facebook.com/RFA-Burmese
နှစ်နိုင်ငံ ချစ်ကြည်ရေး တိုးမြှင့်မည်  နှစ်နိုင်ငံ ချစ်ကြည်ရေး တိုးမြှင့်မည် Reviewed by THITHTOOLWIN on 18:26 Rating: 5
Powered by Blogger.