စစ်ကိုင်း ဧပြီ ၂၅
စစ်ကိုင်းတိုင်းဒေသကြီး /ကန့်ဘလူခရိုင်/ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်အနောက်ဘက် လိပ်စင်းတောင်ကျေးရွာနှင့် အနီးတွင် ဧပြီ ၂၅ရက်နေ့ ညနေ ၅ နာရီချိန်မှ ၅နာရီမိနစ်၂၀အထိလေပြင်း တိုက်ခတ်မှုကြောင့် နေအိမ်အချို့နှင့် လျှက်စစ်ကွန်ကရစ်တိုင်များ ကျိုးပဲ့ပျက်စီးသွားခဲ့ကြောင်းသိရသည်။
ထိုသို့လေပြင်းတိုက်ခတ်မှုကြောင့် လိပ်စင်းတောင်ကျေးရွာစေတီ တစ်ဆူထီးတော်ပြတ်ခြင်း/ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ/လူနေ အိမ်၁၈လုံး/ လျှပ်စစ်ဓါအားခွဲရုံ/မြဝတီထပ်ဆင့်လွှင့်ရုံ/သရက်ပင်ကျေးရွာ နေအိမ်နှစ်လုံး/ဖာလောကျေးရွာ နေအိမ်တစ်လုံး/ ခပေါင်းရုံကျေးရွာနေအိမ် တစ်လုံးနှင့် လိပ်စင်းတောင်-ဖာလော
ကျေးရွာကြား 33KVA ကွန်ကရစ်တိုင် ၁၉ လုံးတို့ကျိုးပဲ့ပျက်စီး၍ စုစုပေါင်းငွေကျပ် ၅၅ သိန်းခန့်ဆုံးရှုံးသွားပြီးအမျိုးသမီးနှစ်ဦး ဒဏ်ရာရရှိသော်လည်း စိုးရမ်စရာမရှိကြောင်း သိရသည်။
အဆိုပါပျက်စီးမှု အခြေအနေအားမြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးသန်းလွင်/မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမောင်မောင်ခန့်/မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှူးဒေါက်တာစိုးလှိုင်ဦး /ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
ကျွန်လှမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်အချို့နှင့် လျှပ်စစ်မီးတိုင်များ ကျိုးပဲ့ပျက်စီး
Reviewed by THITHTOOLWIN
on
09:08
Rating: