ကားနှင့်ဆိုင်ကယ် မျက်နာခြင်းဆိုင်တိုက်မိ ၁ ဦးသေဆုံး


မကွေးတိုင်းဒေသကြိး စလင်းမြို့တွင် ဧပြီလ ၈ ရက် ညနေ ၃ နာရီ အချိန်ခန့်တွင် ကားနှင့် ဆိုင်ကယ် မျက်နာခြင်းဆိုင်တိုက်မပြီး ဆိုင်ကယ်စီးနင်းသူ သေဆုံးသွားခဲ့သည်။

အခင်းဖြစ်ပွားပုံမှာ ဆင်ဖြူကျွန်း စလင်း မကွေး အဝေးပြေး ကားလမ်းမကြီး ထူးပေါက်ရွာ လမ်းခွဲ အလွန်ကားလမ်းတွင် မန္တလေးမြို့မှ ပုဂံဆေး ဖော့တုန်းများ တင်ဆောင်၍ ယာဉ်မောင်းကျော်ကျော် (၃၄)
နှစ်မောင်းနှင်လာသော လိုက်ထရက်ကား အဖြူရောင်ကားနှင့် တောတွင်ရွာနေ သက်ပိုင်(၂၅) နှစ် စီးနင်းလာသော ၁၁၀ အမျိုးအစားဆိုင်ကယ်တို့ မျက်နာခြင်းဆိုင် တိုက်မိရာ သက်ပိုင် မှာ ဦးခေါင်းတွင် ဒါဏ်ရာရရှိပြိး စလင်းဆေးရုံသို့ ပို့ဆောင်ကုသရာ ရရှိဒါဏ်ရာဖြင့် သေဆုံးသွားသဖြင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ ကျော်ကျော်နှင့် သက်ပိုင်တို့အား စလင်းရဲစခန်းမှ အမှု့ဖွင့် ဆောင်ရွက်ထားကြောင်း သိရသည်

စစ်ကြည်(စလင်း)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ကားနှင့်ဆိုင်ကယ် မျက်နာခြင်းဆိုင်တိုက်မိ ၁ ဦးသေဆုံး  ကားနှင့်ဆိုင်ကယ် မျက်နာခြင်းဆိုင်တိုက်မိ ၁ ဦးသေဆုံး Reviewed by THITHTOOLWIN on 17:49 Rating: 5
Powered by Blogger.