ဒေါ်အောင်ဆန်းစုကြည်နေအိမ် လုံခြုံရေးစတင်ယူပြီ

Photo: Kyaw Lwin Oo, Kyaw Htoon Naing/ RFA ( ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်လုံခြုံရေးအတွက် ဧပြီလ ၂၆ ရက်နေ့ ကစပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့က လုံခြုံရေးတာဝန်ယူထားစဉ် )
ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းက နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ရှေ့မှာ မနေ့ကစပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့က လုံခြုံရေးတာဝန်ယူလိုက်ပါတယ်။

လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေရဲ့ တာဝန် ၃ ရပ်ထဲက တစ်ခုဖြစ်တဲ့ နိုင်ငံတော်အကြီးအကဲတွေအတွက် တာဝန်ယူပေးတာလို့ ဒေါ်အောင်ဆန်းစုကြည် ခြံရှေ့မှာ လုံခြုံရေးယူနေတဲ့ အမှတ် (၃) လုံခြုံရေး ရဲတပ်ဖွဲ့ခွဲက ရဲအုပ်အောင်နိုင်မိုး က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နေအိမ်ရှေ့၊ ခြံအပြင်စည်း လုံခြုံရေးအတွက် အရာရှိအဆင့် အပါအဝင် ရဲတပ်ဖွဲ့ဝင် ၇ ဦးက ၂၄ နာရီ စောင့်ကြပ်ပေးမှာဖြစ်ပါတယ်။ လုံခြုံရေးတာဝန်ကျသူတွေအတွက် ရဲကင်းကို ဆောက်လုပ်ပြီးသွားပြီဖြစ်သလို နေထိုင်ဖို့ အဆောက်အဦးကိုလည်း ဆောက်လုပ်ဖို့ စီစဉ် နေပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော် ဥတ္တရသီရိမြို့နယ်က နှင်းဆီစံအိမ်မှာ နေထိုင်တာများပါတယ်။

RFA Burmese
https://www.facebook.com/RFA-Burmese
ဒေါ်အောင်ဆန်းစုကြည်နေအိမ် လုံခြုံရေးစတင်ယူပြီ  ဒေါ်အောင်ဆန်းစုကြည်နေအိမ် လုံခြုံရေးစတင်ယူပြီ Reviewed by THITHTOOLWIN on 17:28 Rating: 5
Powered by Blogger.