ကရင်ပြည်နယ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲ ကျင်းပ


 ကရင်ပြည်နယ်၊ ဘားအံမြို့၊ ၁၃၇၇ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန် ဗဟိုမဏ္ဍပ် ဖွင့်ပွဲစည်ကားစွာ ကျင်းပ

ဘားအံ ဧပြီ ၁၂

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အစဉ်အလာ တစ်ခုဖြစ်သည့် ၁၃၇၇ ခုနှစ် မဟာသင်္ကြန် ဗဟိုမဏ္ဍပ်ဖွင့်ပွဲကို ဧပြီလ ၁၂ ရက်နေ့ (သင်္ကြန်အကြိုနေ့) ညနေ ၅ နာရီအချိန်က ပျော်ရွှင်စည်ကားစွာ ကျင်းပသည်။

ဖွင့်ပွဲသို့ ကရင်ပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်၊ ပြည်နယ်လွှတ်တော် ဥက္ကဌ ဦးစောချစ်ခင်၊ ဒုတိယဥက္ကဌ ဒေါ်နန်းသူဇာဝင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်၊ခရိုင်၊မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ ဌာနဆိုင်ရာနှင့် ရပ်ကွက်များမှ ပြိုင်ပွဲဝင်ယိမ်းအဖွဲ့များ၊ ဖျော်ဖြေရေးယိမ်းအဖွဲ့များ၊ တိုင်းရင်းသား ပြည်သူများ တက်ရောက်ကြသည်။


ရှေ့ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က နှုတ်ခွန်းဆက်အမှာစကားပြောကြားရာတွင် ပြည်ထောင်စုတိုင်းရင်းသား ညီအကိုမောင်နှမများအားလုံး နှစ်သစ်တွင် အားသစ်၊ ခွန်သစ်များဖြင့် မိမိတို့ မိသားစုအတွက်၊ နိုင်ငံအတွက် စိတ်သစ်လူသစ်နှင့် ကြိုးစားအလုပ်လုပ်နိုင်မည့် နှစ်သစ်ကူးအခါသမယ ဖြစ်ပါစေကြောင်း၊ ကရင်ပြည်နယ်ကို ထာဝရ တည်ငြိမ်အေးချမ်းပြီး စဉ်ဆက်မပြတ် ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ပြည်နယ်သူပြည်နယ် သားများအနေဖြင့် ပြည်နယ်အစိုးရအဖွဲ့နှင့်အတူ စည်းလုံးညီညွှတ်စွာလက်တွဲ၍ အားသွန်ခွန်စိုက်ကြိုးပမ်း ဆောင်ရွက်ကြဖို့ တိုက်တွန်း ပြောကြားလိုကြောင်း စသည်ဖြင့် အကျယ်တ၀င့်ပြောကြားပြီး နှစ်သစ်ကူးတွင် လူတိုင်း စိတ်သစ်၊လူသစ်၊အားမာန်သစ် များဖြင့် ၁၃၇၈ခုနှစ်သို့ ကူးပြောင်းမည့် မြန်မာ့နှစ်သစ်ကူးကို လှိုက်လှဲ စွာကြိုဆိုကြပါစို့ဟု ပြောကြားရင်း ၁၃၇၇ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ကို ဖွင့်လှစ်ပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ တို့က မြန်မာ့ရိုးရာ မဟာသင်္ကြန် ဗဟိုမဏ္ဍပ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးရာ ယိမ်းအဖွဲ့များက ရွှေမန်းမာလာတေးသီချင်းဖြင့် စုပေါင်း သီဆိုကပြ ဖျော်ဖြေ ကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဖွင့်ပွဲသို့တက်ရောက်လာသူများက အတာရေအေး၊ သပြေခက်များဖြင့် ပတ်ဖျန်း ရေကစားခဲ့ကြကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
ကရင်ပြည်နယ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲ ကျင်းပ  ကရင်ပြည်နယ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲ ကျင်းပ Reviewed by THITHTOOLWIN on 21:42 Rating: 5
Powered by Blogger.