တရား မ ဝင် ရွှေ တူး ဖော် ရာ တွင် အသုံးပြုသည့် ဘက်ဟိုးယာဉ်များ ပိုင်ရှင်မဲ့ သိမ်းဆည်း ရမိ


နေပြည်တော် ဧပြီ ၂၆

စစ်ကိုင်းတိုင်း ဒေသကြီး၊ ဗန်းမောက်မြို့ နယ်အတွင်း တပ်မတော် စစ်ကြောင်းများက နယ်မြေလုံခြုံရေး ဆောင်ရွက်စဉ် ဧပြီ ၂၅ရက် နံနက်နှင့် နေ့လယ်ပိုင်းတို့တွင် မံထုံကျေး ရွာတစ်ဝိုက်၌ တရားမဝင် ရွှေတူးဖော်ရာတွင် အသုံးပြုသော VOLVO အမျိုးအစား ဘက်ဟိုး မြေတူးယာဉ်တစ်စီး၊ SANY အမျိုးအစား ဘက်ဟိုးမြေတူးယာဉ် တစ်စီးနှင့် HYUNDAI အမျိုးအစား ဘက်ဟိုး မြေတူးယာဉ် တစ်စီးတို့ကို ပိုင်ရှင်မဲ့ သိမ်းဆည်း ရမိခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိ ဘက်ဟိုးယာဉ်များအား မံထုံကျေးရွာ ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။

မြ၀တီ
https://www.facebook.com/mwdmedia
တရား မ ဝင် ရွှေ တူး ဖော် ရာ တွင် အသုံးပြုသည့် ဘက်ဟိုးယာဉ်များ ပိုင်ရှင်မဲ့ သိမ်းဆည်း ရမိ  တရား မ ဝင် ရွှေ တူး ဖော် ရာ တွင် အသုံးပြုသည့် ဘက်ဟိုးယာဉ်များ ပိုင်ရှင်မဲ့ သိမ်းဆည်း ရမိ Reviewed by THITHTOOLWIN on 10:38 Rating: 5
Powered by Blogger.